spot_img

မန်ယူအသင်း၏ နည်းပြသစ်ရေပန်းစားမှုတွင် လိုပယ်တယ်ဟီလည်းပါဝင်လာ

မန်ယူအသင်း၏ လာမည့်ရာသီနည်းပြသစ်ရေပန်းစားမှုတွင် လက်ရှိဆီဗီလာအသင်းကိုကိုင်တွယ်နေသည့် စပိန်လူမျိုးနည်းပြ လိုပယ်တယ်ဟီလည်းပါဝင်လာခဲ့ကြောင်းသိရသည်။

မန်ယူအသင်းသည် လက်ရှိနည်းပြရန်းနစ်၏ လက်အောက်တွင် ပုံမှန်စွမ်းဆောင်ရည်ပြန်လည်ရရှိရန် ရုန်းကန်နေရသလို၊ ရန်းနစ်အနေဖြင့်လည်း ကြိုတင်သဘောတူညီမှုအရ ရာသီကုန်တွင် အသင်း၏အားကစားဒါရိုက်တာအဖြစ် ပြောင်းလဲတာဝန်ယူမည်ဖြစ်သောကြောင့် မန်ယူအသင်း၏ နည်းပြသစ်ရာထူးအတွက် ရေပန်းစားမှုများ ဆက်တိုက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

myan789

မူလကမန်ယူအသင်း၏ နည်းပြသစ်ရာထူးအတွက် ရေပန်းစားမှုစာရင်းတွင် အေဂျက်စ်အသင်းနည်းပြ တန်ဟတ်၊ PSG အသင်းနည်းပြ ပိုချက်တီနိုနှင့် ရီးယဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းတို့ကအပြိုင်ဖြစ်နေပြီး လက်ရှိအချိန်တွင် ဆီဗီလာအသင်းနည်းပြ လိုပယ်တယ်ဟီလည်းပါဝင်လာခဲ့ခြင်းဖြစ်သည်။

အသက် (၅၅)နှစ်အရွယ်ရှိ စပိန်လူမျိုးနည်းပြ လိုပယ်တယ်ဟီသည် နည်းပြဘဝတွင် ပေါ်တို၊ စပိန်လက်ရွေးစင်အသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့ကိုလည်း ကိုင်တွယ်ခဲ့ဖူးပြီး ၂၀၁၉ ဇွန်လတွင် ဆီဗီလာအသင်းအား စတင်ကိုင်တွယ်ခဲ့သူဖြစ်သည်။ လိုပယ်တယ်ဟီသည် ဆီဗီလာအသင်းနှင့်အတူ ၂၀၁၉-၂၀ ယူရိုပါလိဂ်ချန်ပီယံဆုကိုရယူနိုင်ခဲ့ပြီး ယခုရာသီတွင်လည်း ဆီဗီလာအသင်းအား လာလီဂါအမှတ်ပေးဇယား အဆင့် (၂)နေရာတွင်ရပ်တည်နိုင်စေရန် စွမ်းဆောင်ပေးထားနိုင်သူဖြစ်သည်။

မန်ယူအသင်းသည် အသင်း၏နည်းပြသစ်ခန့်အပ်မှုကို ယခုရာသီမကုန်ဆုံးမီတွင် အပြီးသတ်လုပ်ဆောင်သွားမည်ဖြစ်ပြီး လက်ရှိရေပန်းစားမှုများအရ အေဂျက်စ်နည်းပြ တန်ဟတ်မှာထိပ်ဆုံးတွင်ရပ်တည်နေကြောင်းသိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular