spot_img

မန်ယူအသင်းသို့ပြောင်းရွှေ့ရန် ဘာစီလိုနာကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်း ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး အပြောင်းအရွှေ့အတွက် ဆွေးနွေးရန် အေးဂျင့်ဖြစ်သူကို ညွှန်ကြားထားကြောင်း Sport ဖော်ပြ

ဘာစီလိုနာအသင်း၏ နယ်သာလန် လက်ရွေးစင်ကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းသည် ယခုနွေရာသီအပြောင်းအရွှေ့ ကာလတွင် မန်ယူအသင်းသို့ ပြောင်းရွှေ့ ကစားရန် ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး အပြောင်းအရွှေ့ကိစ္စအတွက် မန်ယူအသင်း တာဝန်ရှိ သူများနှင့်ဆွေးနွေးရန် အေးဂျင့်ဖြစ်သူကို ညွှန်ကြားထားကြောင်း စပိန်အားကစားသတင်းစာ Sport က ဖော်ပြခဲ့သည်။

မန်ယူအသင်းနည်းပြသစ် တန်ဟက်ဂ်သည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းကို အင်အားဖြည့်တင်းမှုများပြုလုပ်ရန် စီစဉ်နေပြီး ဖရန်ကီဒီယွန်းမှာ ၎င်း၏ အဓိကပစ်မှတ်ကစားသမားဖြစ်ကြောင်း သိရသည်။ အသက် ၂၅ နှစ်အရွယ်ရှိ ဖရန်ကီ ဒီယွန်းသည် အေဂျက်စ်အသင်းတွင် လက်ရှိ မန်ယူနည်းပြ တန်ဟက်ဂ်နှင့် ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ နှစ်ရာသီ လက်တွဲဖူူးသူ ဖြစ်ပြီး အစောပိုင်းတွင် ဘာစီလိုနာအသင်း၌ ဆက်နေရန်သာဆန္ဒရှိခဲ့သော်လည်း ယခုအခါ မန်ယူအသင်းသို့ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း Sport က ဖော်ပြခဲ့သည်။

myan789

ဘာစီလိုနာအသင်းသည် ဘဏ္ဍာရေး ပြဿနာများနှင့် ရင်ဆိုင်နေရပြီး အသင်းကစားသမားများကို လစာလျှော့ချရန် စီစဉ်နေသလို သင့်တော်သည့်စျေးရပါက ဖရန်ကီဒီယွန်းကို ရောင်းထုတ်ရန်စီစဉ်နေကြောင်းလည်း သိရသည်။ မန်ယူအသင်းသည် ယခု နွေရာသီတွင် အသင်း၏ကွင်းလယ်ကစားသမားဖြစ်သည့် ပေါ့ဘာ၊ မာတစ်၊ မာတာနှင့် လင်ဂတ်တို့ အသင်းမှထွက်ခွာသွားခြင်းကြောင့် ကွင်းလယ်ပိုင်းကို အဓိကအားဖြည့်ရန်ပြင်ဆင်နေပြီး ဖရန်ကီဒီယွန်းမှာ ၎င်းတို့၏ နံပါတ် ၁ ပစ်မှတ်ဖြစ်သည်။

မန်ယူအသင်းသည် အစောပိုင်းတွင် ဖရန်ကီဒီယွန်းကို ပေါင် ၄၅ သန်း + Add-ons ကြေးများဖြင့် ကမ်းလှမ်းရန် ကြိုးပမ်းခဲ့ဖူးကြောင်း သိရှိရသည်။ သို့သော် ဘာစီလိုနာအသင်းသည် ၎င်းတို့၏အဓိက ကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းအတွက် ပေါင် ၆၈ သန်းအထိ အလိုရှိနေကြောင်း သိရှိရသည်။ ဘာစီလိုနာအသင်းသည် ဘဏ္ဍာရေး အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသော်လည်း ဖရန်ကီဒီယွန်းကို သင့်တော်သည့် ပြောင်းရွှေ့ကြေးရမှသာ လက်လွှတ်ဖွယ်ရှိ နေပြီး မန်ယူအသင်းအနေဖြင့်လည်း ဘာစီ လိုနာအသင်း၏တောင်းဆိုမှုကို လိုက်လျောဖွယ်ရှိနေကြောင်း သိရှိရသည်။

ယခုအခါ ဖရန်ကီဒီယွန်းဘက်က မီးစိမ်းပြလိုက်သည့်အတွက် မန်ယူနှင့် ဘာစီလိုနာအသင်းတို့သည် ကစားသမားအပြောင်းအရွှေ့ကိစ္စအတွက် လာမည့်ရက်ပိုင်းအတွင်း ဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။ မန်ယူအသင်းသည် ဖရန်ကီဒီယွန်းအပြင် လီဗာ ပူးလ်တောင်ပံကစားသမား ချိန်ဘာလိန်နှင့် ဝုလ်ဗ်ကွင်းလယ်ကစားသမား ရူဘင်နေးဗက်စ်တို့ကိုလည်း ခေါ်ယူရန် ချိတ်ဆက်လျက်ရှိကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular