spot_img

မန်ယူအသင်းသည် တစ်ပွဲကောင်းအဆင့်သာရှိပြီး အခြားထိပ်တန်းအသင်းကြီးများလို အတန်းမျိုးတွင် ရှိမနေဟု စတိုင်ဂါ သုံးသပ်

ဘိုင်ယန်မြူးနစ်ဂန္ထဝင်ကစားသမားဟောင်းနှင့် မန်ယူအသင်းကစားသမားဟောင်းလည်းဖြစ်သည့် ရှဝိန်းစတိုင်ဂါက မန်ယူအသင်းသည် တစ်ပွဲကောင်းအဆင့်သာရှိပြီး ထိပ်တန်းအသင်းကြီးများကို ယှဉ်ပြိုင်နိုင်သည့် အတန်းမျိုးတွင် ရှိမနေဟု သုံးသပ်ပြောကြားခဲ့သည်။

စတိုင်ဂါက ”ခင်ဗျားဆီမှာ စီရော်နယ်လ်ဒိုရှိနေပြီး ခင်ဗျားက သူ့ကို ဂိုးဧရိယာထဲ ဘောလုံးရောက်အောင် ပို့ပေးနိုင်ရင် သူက ဂိုးတွေသွင်းမှာပဲ။ ဒါပေမဲ့ ခင်ဗျားဆီမှာ ဘိုနူချီ၊ အလာဘာတို့လို အရည်အသွေးမြင့် ပေးပို့မှုတွေလုပ်နိုင်တဲ့ နောက်ခံလူတွေ မရှိဘူးဆိုရင် အခက်အခဲတွေရှိပါတယ်။ ဆိုးလ်ရှားရဲ့အသင်းက အခုအထိ တည်ဆောက်နေဆဲဆိုပေမယ့် ကျွန်တော့်အမြင်မှာတော့ သူလုပ်နေတာ ကြာလွန်းပါတယ်။ ခင်ဗျား မန်စီးတီးကို ကြည့်ရင်၊ ချယ်လ်ဆီးအတွက် တူဟယ်လ် ပြောင်းလဲပေးခဲ့တာတွေကို ကြည့်ရင် မန်ယူအတွက်ဆိုးလ်ရှား လုပ်နေတာတွေက နှေးကွေးလွန်းပါတယ်။ စီရော်နယ်လ်ဒို၊ ဗာရန်းတို့လို ကစားသမားတွေက အသင်းတိုင်းကို ကူညီနိုင်သူတွေဖြစ်ပေမဲ့ မေးခွန်းထုတ်စရာက သူတို့အတွက်သင့်တော်တဲ့ နည်းဗျူဟာပိုင်းကို နည်းပြက လုပ်နိုင်ရဲ့လားဆိုတာပဲ။ မန်ယူအသင်းဟာ တစ်ပွဲချင်းအနေနဲ့ဆိုရင် ဘယ်အသင်းကိုမဆို နာကျင်အောင်လုပ်နိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ ဘောလုံးအသင်းတစ်သင်းရဲ့အဆင့်အတန်းအရဆိုရင် ချယ်လ်ဆီး၊ လီဗာပူးလ်၊ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်တို့လိုအသင်းတွေနဲ့ အရမ်းကွာနေပါပြီ။ ဆိုးလ်ရှားက ဒီအသင်းကို ပိုကောင်းအောင် လုပ်နိုင်ပါ့မလားဆိုတာကို ကျွန်တော် အခုအချိန်အထိ ရှင်းရှင်းလင်းလင်း မပြောရဲသေးပါဘူး”ဟု ပြောကြားခဲ့သည်။

myan789

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular