spot_img

မန်ယူအသင်းနည်းပြသစ်ရေပန်းစားမှုတွင် အေဂျက်စ်နည်းပြ တန်ဟက်ဂ် ထိပ်ဆုံးရောက်ရှိလာပြီး အားကစားဒါရိုက်တာရာထူး ခန့်အပ်ခံရရန် ရန်းနစ်အတွက် အာမခံချက်မရှိတော့

ယခုရာသီကုန်တွင် ခန့်အပ်ဖွယ်ရှိသည့် မန်ချက်စတာယူနိုက်တက်နည်းပြသစ်ရာထူးအတွက် ရေပန်းစားမှု၌ အေဂျက်စ်နည်းပြ တန်ဟက်ဂ်က PSG နည်းပြ ပိုချက်တီနိုကို ကျော်ဖြတ်ပြီး ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အိုင်ယာလန်အခြေစိုက်လောင်းကစားကုမ္ပဏီ Paddy Power အပြင် ဗြိတိန်ကုမ္ပဏီအချို့ကလည်း တန်ဟက်ဂ်၏အလေးပေးချက်ကို မြှင့်တင်ခဲ့ပြီး ထိပ်ဆုံးသို့ ရောက်ရှိလာစေခဲ့သည်။ အသက် ၅၂ နှစ်အရွယ်ရှိ ဒတ်ချ်လူမျိုးနည်းပြဖြစ်သူ တန်ဟက်ဂ်သည် ပြီးခဲ့သည့်အပတ်က ၁၁း၄ လေးသာရှိရာမှ ယခုအခါ ၁၃း၈ လေးဖြင့် နံပါတ်တစ်နေရာသို့ တက်လှမ်းလာခဲ့ခြင်းဖြစ်သည်။

myan789

PSG အ သင်းတွင် ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရသည့် ပိုချက်တီနိုသည် ၁း၁ လေးသာရှိနေရာမှ ၅း၂ လေးသို့ ကျဆင်းသွားခဲ့သည်။ တန်ဟက်ဂ် အနေဖြင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက အသင်းနည်းပြဖြစ်သူ ဆိုးလ်ရှားအား ရာထူးမှ ထုတ်ပယ်ပြီးကတည်းက PSG နည်းပြဖြစ်သူ ပိုချက်တီနိုနှင့်အတူ ရေပန်းစားခဲ့ခြင်းလည်း ဖြစ်သည်။

လက်ရှိပရီးမီးယားလိဂ်ကလပ် အသင်းနည်းပြများဖြစ်သည့် လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာစ်နှင့် ဆောက်သမ်တန်နည်းပြ ဟာဆန်ဟူတယ်လ်တို့မှာလည်း မန်ယူအသင်းနည်းပြဖြစ်နိုင်ခြေရှိသည့်စာရင်းဝင်နေသော်လည်း ရေပန်းအစားဆုံး ၁၀ ဦးစာရင်းတွင် မပါဝင်ဘဲ ဂျာမန်လူမျိုးနည်းပြ တူဟယ်လ်မှာမူ ချယ်လ်ဆီးအသင်း၌ အနာဂတ်မသေချာတော့သောကြောင့် ရေပန်းစားမှုတွင် တတိယနေရာတွင် ရပ်တည်နေလျက်ရှိသည်။

မန်ယူအသင်းသည် လာမည့်ရာသီ အတွက် ပြင်ဆင်ချိန်ပိုမိုရရှိရန် နည်းပြသစ်ကို ရာသီကုန်လျှင် အမြန်ဆုံးခန့်အပ်သွားဖွယ်ရှိသည်။

လက်ရှိယာယီနည်းပြ ရန်းနစ်သည် အစောပိုင်းတွင် မန်ယူအသင်း$ Advisor Role ဖြစ်သည့် အားကစားဒါရိုက်တာရာထူးကို ပြောင်းလဲတာဝန်ထမ်းဆောင်ရန် သေချာသလောက်ရှိနေသော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရှုံးထွက် ၁၆ သင်းအဆင့်မှ ထွက်ခဲ့ရသည့်အပြင် လက်ရှိ သူ၏လုပ်ဆောင်နိုင်စွမ်းနှင့် ပတ်သက်ပြီး တာဝန်ပေးခံရရန် မသေချာတော့ကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular