spot_img

မန်ယူအသင်းတွင် နည်းပြသစ် တန်ဟက်ဂ် အောင်မြင်မှုရရှိမည်ဖြစ်သော်လည်း အပြောင်းအရွှေ့စျေးကွက်၌ ပံ့ပိုးပေးရန် လိုအပ်သည်ဟု ယပ်စတမ်း သုံးသပ်

မန်ယူအသင်း၏ နောက်ခံလူဟောင်း ယပ်စတမ်းက နည်းပြသစ် တန်ဟက်ဂ်သည် မန်ယူအသင်းတွင် အောင်မြင်မှုရရှိမည်ဖြစ်သော်လည်း အသင်းတာဝန်ရှိသူများအနေဖြင့် အပြောင်းအရွှေ့စျေးကွက်၌ ပံ့ပိုးပေးရန် လိုအပ်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။

ယပ်စတမ်း(၄၉ နှစ်)သည် မန်ယူအသင်းတွင် နည်းပြဖာဂူဆန်လက်ထက်က (၃)ရာသီကြာ ကစားခဲ့သည့် ဒတ်ချ်နောက်ခံလူဖြစ်ပြီး ဖလား(၃)လုံးအောင်ပွဲတွင် ပါဝင်ခဲ့သူလည်းဖြစ်သည်။

myan789

သို့ရာတွင် အတ္ထုပ္ပတ္တိစာအုပ် ထုတ်ဝေရာတွင် ဖာဂူဆန်ကို ဂုဏ်သိက္ခာထိခိုက်စေသည့် ရေးသားမှု ပါဝင်ခဲ့သည့်အတွက် လာဇီယိုအသင်းထံ ရောင်းထုတ်ခံခဲ့ရပြီး နောက်ပိုင်းတွင် ဖာဂူဆန်က ယင်းသို့ ရောင်းထုတ်ခဲ့ခြင်းမှာ မှားယွင်းကြောင်း ဝန်ခံခဲ့သည်။

ယခုအခါ အသင်းဟောင်းထံ ဒတ်ချ်နည်းပြ တန်ဟက်ဂ် ရောက်ရှိခဲ့ခြင်းနှင့် ပတ်သက်၍ စတမ်းက သုံးသပ်အကြံပြုမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Guardian သတင်းစာနှင့် တွေ့ဆုံရာတွင် စတမ်းက ”သူ ဘာတွေ လုပ်နိုင်တယ်ဆိုတာနဲ့ ဟော်လန်မှာ အေဂျက်စ်နဲ့အတူ သူ ဘာတွေ လုပ်ဆောင်ခဲ့တယ်ဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ အခု မန်ယူအသင်းနဲ့အတူ အဲဒီအတိုင်း လုပ်ဆောင်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဒီအတွက် လိုအပ်တာက သူ့ကို ကူညီပေးဖို့ပါပဲ”ဟု ဆိုခဲ့သည်။

ထို့နောက် တန်ဟက်ဂ်ကိုလည်း သတိပေးမှု ပြုလုပ်ခဲ့သည်။

” ဟော်လန်မှာ ကျွန်တော်တို့အမြဲပြောလေ့ရှိတာက ကစားသမားတိုင်းဟာ နေရာစုံမှာ ကစားနိုင်ဖို့ လိုအပ်တယ်ဆိုတာပါပဲ။ ယူနိုက်တက်မှာတော့ ဖာဂူဆန်ရဲ့ အရည်အသွေးတွေထဲက တစ်ခုက နေရာအလိုက် အကောင်းဆုံးကစားနိုင်သူတွေကို ခေါ်ယူတာပါ”ဟု နယ်သာလန်နှင့် အင်္ဂလန်ဘောလုံးလောက၏ ခြားနားမှုအပေါ် စတမ်းက တန်ဟက်ဂ်အား သတိပေးပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular