spot_img

မန်ယူအသင်းတွင် စီရော်နယ်လ်ဒို ရရှိနေသည့် တစ်နှစ်လစာငွေ ပမာဏမှာ ပရီးမီးယားလိဂ်အသင်း (၃)သင်းထက် ပိုများနေ

နာမည်ကျော်ဘောလုံးသမား စီရော်နယ်လ်ဒို မန်ယူအသင်းတွင် ရရှိနေသည့် တစ်နှစ်လစာငွေပမာဏမှာ ပရီးမီးယားလိဂ်အသင်း (၃)သင်း၏ တစ်သင်းလုံးလစာငွေပမာဏထက်ပင် ပိုမိုများပြားနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

အသက် (၃၆)နှစ်အရွယ်ရှိ ပေါ်တူဂီဝါရင့်တိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် ဂျူဗင်တပ်စ်အသင်းမှ မန်ယူအသင်းသို့ ကနဦးပြောင်းရွှေ့ကြေး ပေါင် (၁၂.၈၅)သန်းဖြင့် ပြန်လည်ပြောင်းရွှေ့လာခဲ့သည်။

myan789

စီရော်နယ်လ်ဒိုသည် မန်ယူအသင်းတွင် တစ်ပတ်လစာ ပေါင် (၄၈၀၀၀၀) ရရှိနေပြီး ၎င်း၏ တစ်နှစ်လစာမှာ ပေါင် (၂၅)သန်းနီးပါး (ပေါင် ၂၄.၉၆ သန်း) ရရှိနေပြီး ယင်းပမာဏမှာ ပရီးမီးယားလိဂ်အသင်း (၃)သင်းဖြစ်သည့် နောဝစ်ချ်၊ လိဒ်စ်နှင့် ဘရန်ဖို့ဒ်အသင်းတို့ထက် တစ်သင်းလုံးစာ လစာငွေပမာဏထက် ပိုများနေခြင်းဖြစ်သည်။

အားကစားပြိုင်ပွဲများ၏ လစာငွေစာရင်းကို ဖော်ပြလေ့ရှိသည့် spotrac.com သည် ယခုရာသီတွင် ပရီးမီးယားလိဂ်အသင်း (၂၀)၏ တစ်နှစ်လစာငွေ ပေးချေမှုကို ဖော်ပြခဲ့ရာ စီရော်နယ်လ်ဒိုကို ယင်းစာရင်းတွင် ထည့်တွက်မည်ဆိုပါက အဆင့် (၁၈)နေရာတွင် ရပ်တည်နိုင်မည်ဖြစ်ကြောင်း သိရသည်။

spotrac.com ၏ ဖော်ပြမှုအရ ယခုရာသီ ပရီးမီးယားလိဂ်တွင် လစာပေးချေမှုအများဆုံးအသင်းအဖြစ် မန်ယူအသင်းက ထိပ်ဆုံးတွင် ရပ်တည်နေပြီး ကစားသမားများအတွက် မန်ယူအသင်း၏ တစ်နှစ်လစာငွေပေးချေမှုမှာ ပေါင် (၂၂၆.၆)သန်းအထိရှိကြောင်း သိရသည်။

ဒုတိယနေရာတွင် ချယ်လ်ဆီးအသင်းက ပေါင် (၁၆၂.၆)သန်းဖြင့် ရပ်တည်နေပြီး မန်စီးတီး၊ လီဗာပူးလ်နှင့် အာဆင်နယ်အသင်းတို့က အဆင့်(၃)မှ အဆင့် (၅)အတွင်း အစဉ်လိုက်ရပ်တည်နေကြသည်။

အဆင့် (၁၈)နေရာတွင် ရပ်တည်နေသည့် နောဝစ်ချ်အသင်း၏ တစ်နှစ်လစာမှာ ပေါင်(၂၄.၂)သန်းသာရှိပြီး စီရော်နယ်လ်ဒိုထက် လျော့နည်းနေသလို၊ လိဒ်စ်(ပေါင် ၁၇.၉ သန်း)၊ ဘရန်ဖို့ဒ်(ပေါင် ၁၂.၈ သန်း)တို့မှာလည်း စီရော်နယ်လ်ဒို၏ လစာငွေထက် များစွာလျော့နည်းနေသည်။

စီရော်နယ်ဒိုသည် ပရီးမီးယားလိဂ်တွင် လစာအများဆုံးရကစားသမားအဖြစ် ရပ်တည်နေသလို၊ ကမ္ဘာပေါ်တွင် PSG တိုက်စစ်မှူးများဖြစ်သည့် မက်ဆီနှင့် နေမာတို့ပြီးနောက် လစာအများဆုံးရ ကစားသမားအဖြစ် ရပ်တည်နေသူဖြစ်သည်။(မက်ဆီနှင့် နေမာတို့သည် PSG အသင်းတွင် တစ်နှစ်လစာ ပေါင် ၃၇ သန်းအထိ ရရှိနေသည်)။

ထို့ပြင် စီရော်နယ်လ်ဒိုသည် ၂၀၂၁ ခုနှစ်တွင် ဝင်ငွေအကောင်းဆုံးကစားသမားအဖြစ် ပေါင် (၉၁.၅)သန်းဖြင့် ရပ်တည်နေကြောင်း Forbes မဂ္ဂဇင်းက ဖော်ပြခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular