spot_img

မန်ယူအသင်းကို ဝယ်ယူရန် ကာတာရင်းနှီးမြှုပ်နှံသူများ ရက်ပိုင်းအတွင်း ကမ်းလှမ်းဖွယ်ရှိနေပြီး အသင်းပိုင်ရှင် ဂလေဇာမိသားစုက ပေါင် ခြောက်ဘီလျံအထိ အလိုရှိနေဟု သတင်းများဖော်ပြ

ကာတာရင်းနှီးမြှုပ်နှံသူများသည် ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်ယူအသင်းကို  ဝယ်ယူရန်ရက်ပိုင်းအတွင်း တရားဝင်ကမ်းလှမ်းသွားဖွယ်ရှိနေကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

လက်ရှိမန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုက ကလပ်အသင်းအရောင်းအဝယ်ကို ဖေဖော်ဝါရီလလယ်ပိုင်းအထိ Deadline ပေးထားပြီး ကာတာရင်းနှီးမြှုပ်နှံသူများက ယင်းမတိုင်မီ ကမ်းလှမ်းဖွယ်ရှိနေခြင်းဖြစ်သည်။

myan789

ဂလေဇာမိသားစုသည် မန်ယူအသင်းကို ပြီးခဲ့သည့်နိုဝင်ဘာလက အရောင်းစာရင်းတင်ခဲ့ပြီး ၂၀၀၅ ခုနှစ်ကတည်းက အသင်းကို ၁၇ နှစ်ကျော်ကြာ ပိုင်ဆိုင်ထားမှုမှာ အဆုံးသတ်ရန် တဖြည်းဖြည်းနီးစပ်လာခဲ့သည်။

ဂလေဇာမိသားစုအနေဖြင့် မန်ယူအသင်းကို ရောင်းချခြင်းမှ ပေါင်ခြောက်ဘီလျံအထိ ရရှိရန် အလိုရှိနေပြီး ကာတာတို့ကမူ ပေါင် ၄ ဒသမ ၅ ဘီလျံသည်သာ သင့်လျော်သည့်နှုန်း ထားဖြစ်သည်ဟု ယုံကြည်လျက်ရှိသည်။

ကာတာ၏နိုင်ငံဦးသျှောင်နှင့် ဝန်ကြီးချုပ်ဖြစ်သူ ရှိတ်ခ်တာမင်ဘင်ဟာမက်အယ်လ်သာနီသည် မန်ယူအသင်း၏အမာခံပရိသတ်တစ်ဦးဖြစ်ပြီး ၂၀၁၁ ခုနှစ်က အယ်လ်သာနီတော် ဝင်မိသားစုသည် မန်ယူအသင်းကို ပေါင်တစ်ဘီလျံဖြင့်ဝယ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း အသင်းပိုင်ရှင် ဂလေဇာမိသားစုက ပယ်ချခဲ့သည်။

ယင်းနှစ်တွင်ပင် ကာတာအစိုးရကျောထောက်နောက်ခံပြု QSI ကုမ္ပဏီက ပြင်သစ်ကလပ် PSGအသင်း၏ ရှယ်ယာ ၇၀ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ပြီး ကာတာငွေကြေးများက အသင်းကို ဥရောပထိပ်တန်းကလပ်အသင်းအဖြစ် ပြောင်းလဲစေခဲ့သည်။

UEFA စည်းမျဉ်းအရ ပြိုင်ပွဲအမျိုးအစားတစ်ခုတည်း၌ ပိုင်ရှင်တူ ကလပ်အသင်း နှစ်သင်းယှဉ်ပြိုင်ခွင့်မရှိသောကြောင့် ယခု မန်ယူအသင်းကို ဝယ်ယူရန် ကြိုးပမ်းမှုတွင် QSI အနေဖြင့် ပါဝင်ပတ်သက်ခြင်းမရှိဘဲ အခြားကာတာရင်းနှီးမြှုပ်နံှသူများကသာ  ကြိုးပမ်းဖွယ်ရှိနေကြောင်း သတင်းများက သုံးသပ်ဖော်ပြခဲ့သည်။

မန်ယူအသင်းကို ကာတာ၏ဝယ်ယူမှု အတည်ဖြစ်ခဲ့လျှင် မြို့ခံပြိုင်ဘက် ယူအေအီးတော်ဝင်မိသားစုပိုင် မန်စီးတီးအသင်း၊ ဆော်ဒီအာရေဗျအစိုးရမှ ကျောက်ထောက်နောက်ခံပြု Public Investment Fund ကုမ္ပဏီပိုင် နကူးကာဆယ်အသင်းများကြောင့် နိုင်ငံရေးတင်းမာမှုများရှိသည့် ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများအကြား သီးခြားအားပြိုင်မှုသစ်တစ်ခုကို မြင်တွေ့ရဖွယ်ရှိသည်။

မန်ယူအသင်း အရောင်းအဝယ်သည် ပရီးမီးယားလိဂ်အဖွဲ့ချုပ်၏ ခွင့်ပြုချက်လိုအပ်ပြီး နယူးကာဆယ်အသင်းကဲ့သို့ ခက်ခဲရှုပ်ထွေးမည့်အပြင် ပရီးမီးယားလိဂ်ကလပ် ပိုင်ဆိုင်မှုစည်းမျဉ်းများကို ပြင်ဆင်ရန် တောင်းဆိုမှုများလည်း ရှိနေသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular