ဘရူနို ဖာနန်ဒက်စ်သည် စပေါ့တင်းမှ မန်ယူသို့ ပြောင်းရွှေ့လာခဲ့သည်မှာ သုံးနှစ်ပြည့်ခဲ့ပြီဖြစ်သည်။
ပေါ်တူဂီကွင်းလယ်ကစားသမား ဖာနန်ဒက်စ်သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာ မန်ယူအတွက် လိုအပ်နေသော ခေါ်ယူမှုဖြစ်ခဲ့ပြီး အသင်းအတွက် ချက်ချင်းအကျိုးသက်ရောက်မှုများ ပြုလုပ်ခဲ့သည်။
မန်ယူသို့ ရောက်ရှိလာပြီးနောက် ဖာနန်ဒက်စ်၏ အံ့မခန်းပုံစံကြောင့် မန်ယူသည် ထိုရာသီ၏ ချန်ပီယံလိဂ်နေရာတစ်နေရာကို သိမ်းပိုက်နိုင်ခဲ့ကာ ဖာနန်ဒက်စ်သည်လည်း ချက်ချင်းပင် ပရိသတ်အချစ်တော် ဖြစ်လာခဲ့သည်။

ဖာနန်ဒက်စ်သည် မန်ယူအသင်းအတွက် ဂိုးပေါင်း ၁၀၀ ကျော် ပံ့ပိုးပေးထားပြီး ယခင်နှစ်တွင် စာချုပ်သစ် သက်တမ်းတိုးရန် စီစဉ်နေခြင်းဖြစ်သည်။
ဖာနန်ဒက်စ်သည် မန်ယူကစားသမားအဖြစ် ၃ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ လက်ရှိတွင် သူသည် အသင်းတွင် ပုံမှန်အသင်းခေါင်းဆောင်အဖြစ် လုပ်ဆောင်နေပြီး နည်းပြ အဲရစ်တန်ဟက်လက်ထက်တွင် မဖြစ်မနေ ရွေးချယ်ရမည့်သူဖြစ်သည်။

မကြာသေးမီက သူသည် အထူးကြံ့ခိုင်အားကောင်းလာပြီး သူ၏နောက်ဆုံးငါးပွဲတွင် ၃ ဂိုးသွင်းယူထားသည်။
အိုးထရက်ဖို့ဒ်မှာ သူ၏ နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ဖာနန်ဒက်စ်က ဗီဒီယိုဖိုင်ကို အင်စတာဂရမ်မှာ မက်ဆေ့ချ်တစ်ခုနှင့် တွဲတင်ခဲ့သည်။
“၃ နှစ် လက်တွဲပြီး နောက်ထပ်နှစ်တွေ အများကြီး လာဖို့ရှိတယ်။ နွေးနွေးထွေးထွေး ကြိုဆိုပြီး အားပေးကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်”
ဖာနန်ဒက်စ်သည် သူ၏အသင်းဖော်များနှင့် ပရိသတ်များအကြား ရေပန်းစားနေပြီး အများအပြားက သူ၏ အင်စတာဂရမ်တွင် အဆိုပါမက်ဆေ့ချ်ကို တုံ့ပြန်ခဲ့ကြသည်။

ထိုအများအပြားထဲတွင် စပိန်ဂိုးသမား ဒေးဗစ်ဒီဂီယာလည်း ပါဝင်ခဲ့သည်။ မန်ယူကို ဖာနန်ဒက်စ် ရောက်ကတည်း သူ၏ပြောင်မြောက်သော ပံ့ပိုးကူညီမှုများကြောင့် ‘အံ့ချီးလောက်သောသူ’ အဖြစ် ဒေးဗစ်ဒီဂီယာက ချီးကျူးဂုဏ်ပြုခဲ့ခြင်း ဖြစ်သည်။
ဒီဂီယာ၏ အရင်းနှီးဆုံး သူငယ်ချင်း ဟွမ်မာတာ ဝတ်ဆင်ခဲ့ဖူးသည့် မန်ယူ နံပါတ် ၈ အင်္ကျီကို ဝတ်ဆင်ထားသော ဖာနန်ဒက်စ်သည် ဒီဂီယာ၏ လေးစားမှုရှိသော ကစားသမားဆိုတာ ထင်ရှားပါသည်။
ဖာနန်ဒက်စ်သည် ယခုရာသီတွင် ယူနိုက်တက်၏ ပုံစံကောင်းတွင် အဓိကကျသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဂိုးနှင့်ဖန်တီးမှုတို့အတွက် မားကပ်စ်ရပ်ရှ်ဖို့ဒ်ပြီးလျှင် ဒုတိယဖြစ်သည်။
ကစားသမားကိုယ်တိုင်က မှတ်ချက်ပြုထားသလိုပင် သူ၏ကောင်းမွန်သော လုပ်ဆောင်ချက်များကို ဂုဏ်ပြုရန် ဆုဖလားများနှင့်အတူ နောက်ထပ် ထူးခြားသော အခိုက်အတန့်များလည်း ရှိဦးမည်ဖြစ်ကြောင်း သိရသည်။