spot_img

မန်ယူနိုက်တက်မှာ စီရော်နယ်ဒိုလို ကမ္ဘာ့အဆင့် ဖြစ်လာမယ့် ကစားသမားလေး အကြောင်း ပြောပြလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ရီယို ဖာဒီနန် ကတော့ လူငယ် တိုက်စစ် ကစားသမားသစ် ဖြစ်သူ အာမတ် ဒီယာလို အပေါ် မျှော်လင့်ချက် အကြီးကြီး ထားရှိ နေကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

အာမတ် ဒီယာလို ဆိုတာ ပြီးခဲ့တဲ့ နွေတုန်းက ယူနိုက်တက် နဲ့ ကြိုတင် သဘော တူညီမှု ရယူ ထားနိုင် ခဲ့ပြီး အလုပ် ပါမစ် မရရှိခဲ့ သေးတဲ့ အတွက် အသင်း မပြောင်းနိုင် ခဲ့တဲ့ ကစားသမားပဲ ဖြစ်ပါတယ် ။ အခုတော့ သူဟာ အလုပ် ပါမစ် ရရှိမုှ နဲ့ အတူ သူယာ ယူနိုက်တက်ဆီ တရားဝင် ပြောင်းရွှေ့ခဲ့ ပါပြီ ။

myan789

ယူနိုက်တက် အသင်းဟာ အသက် 18 နှစ်သာ ရှိသေးတဲ့ လူငယ် တိုက်စစ် ကစားသမားလေးအတွက် ကနဦး ပေါင် 19 သန်း + စွမ်းဆောင်ရည် အရ အပိုဆုကြေး ပေါင် 18 သန်း ဆက်လက် ပေးဆောင် သွားရဖို့ ရှိတဲ့ အတွက် စုစုပေါင်း ပေါင် 37 သန်း အထိ ကုန်ကျ သွားဖွယ် ရှိနေ ပါတယ် ။

အခြား တစ်ဖက် မှာတော့ ဒီယာလိုဟာ ထွန်းတောက် လာမယ့် ကြယ်ပွင့် တစ်ဦးအဖြစ် သတ်မှတ် ခံနေခဲ့ရ ပါတယ် ။ အခုတော့ ယူနိုက်တက် ဂန္တဝင် ဖာဒီနန် က ဒီယာလိုဟာ အသင်း အတွက် ကြီးမားတဲ့ အကျိုး သက်ရောက်မှု တွေကို လုပ်ဆောင် နိုင်လိမ့်မယ်လို့ မျှော်လင့်ရင်း စီရော်နယ်ဒိုလို ကစားသမား ဖြစ်နိုင် လိမ့်မယ်လို့ သုံးသပ် ခဲ့လိုက် ပါတယ် ။

” ကျွန်တော် တို့ဟာ အတ္တလန္တာ အသင်း ကနေ လူငယ် တစ်ဦးကို ခေါ်ယူ ခဲ့ကြပြီး တစ်စုံတခု လုပ်ဆောင် နိုင်ပါစေလို့ မျှော်လင့် နေကြ ပါတယ် ။ အကယ်လို့ သူ့ရဲ့ စကေး ဗွီဒီယို တွေကို ခင်ဗျားတို့ ကြည့်ရှု လိုက်မယ် ဆိုရင် ၊ သူ့ကို ခေါ်ယူ ခဲ့တဲ့ သူတွေ နဲ့ စကားပြော ကြည့်လိုက်မယ် ဆိုရင် သူဟာ ကမ္ဘာ့ အဆင့် ဖြစ်လာ လိမ့်မယ်လို့ ထင်ကြေး ပေးခံ ရပါ လိမ့်မယ် ”

” သူ့ကို ခေါ်ယူရာမှာ ပါဝင် ပတ်သက်ခဲ့တဲ့ သူတွေလည်း သတင်းကောင်း တွေပဲ ပြောဆို ကြမှာ ပါပဲ ။ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ရှိနေ ကြတဲ့ လူတွေက သူဟာ တောက်ပရင်း တောက်ပ လာမယ့် ကစားသမား တစ်ဦးပဲလို့ ကိုယ်စီ ပြောဆို ကြပါ လိမ့်မယ် ” လို့ ဖာဒီနန် က ပြောရင်း စီ ရော်နယ်ဒို နဲ့ ဆက်လက် ခိုင်းနှိုင်း သွားခဲ့လိုက် ပါတယ် ။

” ရော်နယ်ဒို နဲ့ ခိုင်းနှိုင်းခြင်းအားဖြင့် ကျွန်တော်ဟာ သူ့အပေါ် ဖိအား တွေကို မကျရောက် စေလို ပါဘူး ။ ဒါပေမယ့် ကျွန်တော်တို့ တွေဟာ စီ ရော်နယ်ဒို ကို မခေါ်ယူခဲ့စဉ် တုန်းကတောင် သူ့အကြောင်း တွေကို ပေါ်တူဂီ က လူတွေက လွဲရင် အခြားသူတွေ ဘာမှ သိပ်ပြီး မသိခဲ့ကြ ပါဘူး ”

” အခု ရှုထောင့် တွေကို ကြည့်ရှု လိုက်မယ် ဆိုရင် ဒီကောင်လေး ( ဒီယာလို ) လည်း စီ ရော်နယ်ဒိုလို အနေအထား တွေကို ပိုင်ဆိုင် ထားပါတယ် ။ အကယ်လို့ သူ့ရဲ့ ဗွီဒီယို တွေကို ကြည့်မယ် ၊ သူ့အကြောင်း လူတွေ ပြောတာကို နားထောင် လိုက်မယ် ဆိုရင် သူသာ လမ်းကြောင်း အမှန် အပေါ် တည့်မတ် နိုင်ရင် ကမ္ဘာ့ အဆင့် ဖြစ်လာမှာ မုချ ပါပဲ ” လို့ ဖာဒီနန် က ပြောခဲ့လိုက် ပါတယ် ။

အာမတ် ဒီယာလိုဟာ ဒီနေ့ နံနက် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်ရှိ လာခဲ့ပြီလို့ သိရှိ ခဲ့ရ ပါတယ် ။ ယူနိုက်တက် ပရိသတ်တွေ ကတော့ အသင်းဆီ ရောက်လာမယ့် လူငယ်လေး အပေါ် မျှော်လင့်ချက် အများကြီး ထားရှိ နေခဲ့ ပေမယ့် နည်းပြ ဆိုးလ်ရှား ကတော့ အချိန်ပေး စိတ်ရှည် ကြဖို့ တိုက်တွန်း ထားခဲ့ပါ သေးတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular