ဂျေမီကာရေဂါက ခရစ်စတီယာနို ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး နံပါတ် ၇ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။ ပေါ်တူဂီ စူပါစတားဟာ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ် အတွင်း မန်ယူနိုက်တက်ရဲ့ အောင်မြင်မှုတွေမှာ အဓိက ကျသူ ဖြစ်ပြီး ရီးရဲယ်မက်ဒရစ် အသင်းကို ကမ္ဘာ့စံချိန်တင် ပြောင်းရွေ့ကြေးနဲ့ မပြောင်းရွေ့မီ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ဦး ဖြစ်လာခဲ့ပါတယ်။
စပို့တင်းလစ္စဘွန်းမှ ပြောင်းလာခဲ့ပြီးနောက် ရော်နယ်ဒိုဟာ ယူနိုက်တက် အတွက် ၂၉၂ ပွဲကစား ၁၁၈ ဂိုး သွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ဖလား ၃ ကြိမ် ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် စုစုပေါင်း ဆုဖလား ၉ ကြိမ် ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း စကိုင်းစပေါ့ရဲ့ အစီအစဉ် တင်ဆက်သူ ကာရေဂါက ရော်နယ်ဒိုဟာ ယူနိုက်တက် သမိုင်းတစ်လျှောက် အကောင်းဆုံး (နံပါတ် ၇) ၃ ဦးထဲမှာ မပါဘူးလို့ ဆိုလိုက်ပါတယ်။
ရော်နယ်ဒိုဟာ ယူနိုက်တက်ကနေ ထွက်ခွာခဲ့ပြီးနောက် သူ့ရဲ့ ကစားသမား ဘဝကို အကောင်းဆုံး ဆက်လက် ရှေ့ဆက်နိုင်ခဲ့ပြီး ရီးရဲယ်မက်ဒရစ် အတွက် ၄၃၈ ပွဲမှာ ဂိုး ၄၅၀ ထိ သွင်းယူကာ ကလပ် သမိုင်းတစ်လျှောက် သွင်းဂိုး အများဆုံး ကစားသမား ဖြစ်ခဲ့တဲ့ အပြင် ဂျူဗင်တပ်မှာလည်း ဂိုး ၁၀၀ ကျော် သွင်းထားခဲ့ပြီး ဖြစ်ပါတယ်။
ကာရေဂါက ရော်နယ်ဒိုထက် ပိုမို ကြီးကြယ်တဲ့ ယူနိုက်တက်ရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး (နံပါတ် ၇) ၃ ဦးဟာ ဂျော့ဘတ်စ် ၊ ရိုက်ယန်ရော့ဆင် နဲ့ အဲရစ်ကန်တိုနာတို့ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
ကာရေဂါက “ကျွန်တော် ကတော့ ရော်နယ်ဒိုဟာ ဒီ list မှာ စတုတ္ထနေရာမှာပဲ ရှိနေပါတယ်။ ကျွန်တော် ကတော့ သူဟာ ဒီစာရင်းမှာ နောက်ဆုံး နေရာက ရှိနေပါတယ်။” လို့ ဆိုလိုက်ပါတယ်။
ဒါပေမယ့်လည်း ၎င်းရဲ့ တွဲဖက် pundit ဖြစ်သူ မီကာရစ်ချက်က “ဒါဟာ လုံး၀ အဓိပ္ပာယ် လုံး၀ မရှိပါဘူး။ ဒါဟာ လုံး၀ အဓိပ္ပာယ် လုံး၀ မရှိတာပါ။” လို့ ပြန်လည် ငြင်းခုန်လိုက်ပါတယ်။
ဒါပေမယ့်လည်း ကာရေဂါက “င့ါအတွက် ကတော့ ဂျော့ဘတ်စ် ဒါမှမဟုတ် ဘရန်ရိုက်ရော့ဆင် တစ်ဦးဦးဟာ နံပါတ်တစ် ဖြစ်သင့်တယ်လို့ ထင်ပါတယ်။ ဂျော့ဘတ် ဆိုရင်လည်း သူ့ကိုယ်သူ ပြောခဲ့သလိုပဲ အဲဒီအချိန်က ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကန်တိုနာ ဆိုရင်လည်း ပရီးမီးယားလိဂ်မှာ မန်ယူနိုက်တက် အတွက် လုပ်ပေးခဲ့တာတွေ ၊ ယူနိုက်တက်တို့ လက်ရှိ ရပ်တည် နေတဲ့ အနေအထား အတွက် ရော်နယ်ဒိုရဲ့ အထက်မှာ ရှိကို ရှိနေရမှာပါ။
ဘရန်ယန်ရော့ဘင် ဆိုတာ မန်ချက်စတာယူနိုက်တက် ပါပဲ။ သူဟာ အခြားလူတွေ လိုတော့ ဆုဖလားတွေ မရခဲ့ပါဘူး။ သူဟာ ကလပ်ကို ၁၀ နှစ်လောက် ပခုံးထမ်းပေး ခဲ့ပါတယ်။ သူဟာ အင်္ဂလန် အသင်းခေါင်းဆောင် ဖြစ်တဲ့ အပြင် အင်္ဂလန်ရဲ့ အကောင်းဆုံး ကစားသမားပါ။ သူဟာ များစွာ လေးစားမှု ခံရတဲ့ သူပါ။ ဘာလို့လဲဆိုတော့ သူဟာ ကစားသမား နှောင်းပိုင်းအထိ ယူနိုက်တက်နဲ့ အတူ ဆက်ရှိနေခဲ့ပြီး ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။