spot_img

မန်စီးတီးမှာ အီဒါဆန် ဆက်ရှိနေရခြင်းရဲ့အကြောင်းရင်းကို ထုတ်ဖော်ပြောပြလာတဲ့ ပက်ဂွါဒီယိုလာ

အီဒါဆန်အတွက် မန်စီးတီးအသင်းတောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေလိုတဲ့ ကလပ်အသင်းမရှိတာကြောင့် အသင်းမှာပဲ ဂိုးသမားအဖြစ်ဆက်ရှိနေခဲ့တယ်လို့ ပက်ဂွါဒီယိုလာက ပြောပါတယ်။

ပြီးခဲ့တဲ့နွေရာသီကာလတလျှောက်လုံး ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ အယ်လ်နာဆာနဲ့ အယ်လ်အစ်တီဟတ်တို့က ဘရာဇီးသားကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမယ့် ကစားသမားကို အီတီဟတ်မှာ ဆက်ထိန်းထားလိုတဲ့ ပက်ဂွါဒီယိုလာရဲ့အပြင်းအထန်တောင်းဆိုမှုနဲ့အတူ အဆုံးသတ်မှာ တရားဝင်အပြောင်းအရွှေ့တစ်ခု မဖြစ်လာခဲ့ပါဘူး။ အခုအချိန်မှာတော့ အသက်-၃၁ နှစ်အရွယ်ဂိုးသမားက အနည်းဆုံးနောက်ထပ်လအနည်းငယ်လောက်အထိ မန်စီးတီးအသင်းမှာ ဆက်ရှိနေဖို့ သေချာသွားခဲ့ပါတယ်။ ဒါကြောင့် ပက်က အီဒါဆန်ရဲ့အပြောင်းအရွှေ့မဖြစ်ပေါ်လာရခြင်းအတွက် အကြောင်းရင်းအစစ်အမှန်ကို ထုတ်ဖော်လာခဲ့ပါတယ်။

myan789

ပက်ဂွါဒီယိုလာက “ဒီအပြောင်းအရွှေ့ကို ကျွန်တော်မလိုချင်ဘူးဆိုတာ အီဒါဆန်ကိုယ်တိုင်လည်း အစကနဦးကတည်းက သိခဲ့ပါတယ်။ ဒါပေမယ့် အမှန်အတိုင်းပြောရမယ်ဆိုရင် ကမ်းလှမ်းမှုတွေလည်း မရှိခဲ့ပါဘူး။ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လေးကြိမ်ဆက်ဆွတ်ခူးနိုင်ခဲ့တဲ့အသင်းရဲ့ဂိုးသမားအတွက် အစစ်အမှန်ကမ်းလှမ်းမှုတစ်ခုက တန်ဖိုးနှုန်းထားတစ်ခုတော့ ရှိရပါမယ်။ ဒါကို ခင်ဗျားတို့လည်း သိပါတယ်။ မဟုတ်ရင် အီဒါဆန်လည်း အသင်းမှမထွက်ခွာနိုင်ပါဘူး။ ဒါ တကယ့်အမှန်တရားပါ”လို့ ပြောပါတယ်။

Ederson stayed with the club because there was no club willing to pay the transfer fee demanded by Manchester City.

အီဒါဆန်ဒဏ်ရာရရှိနေချိန် အသင်းအတွက်ပွဲထွက်လာတဲ့ အရန်ဂိုးသမားအော်တေဂါရဲ့စွမ်းဆောင်ရည်ပိုင်းကို ပက်ဂွါဒီယိုလာရဲ့ချီးကျူးမှုတွေ ရှိလာခဲ့ပြီးနောက် အီဒါဆန်အတွက် ကျွဲမြီးတိုစရာဖြစ်လာခဲ့ပြီး အကျိုးဆက်အဖြစ် လက်ရှိပရီးမီးယားလိဂ်ချန်ပီယံတွေဆီမှ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေ ဖြစ်ပေါ်လာခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဒါပေမယ့် အီဒါဆန်က အသင်းအတွက် ၃၄၁ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ဆုဖလားများစွာ ဆွတ်ခူးနိုင်ခဲ့လို့ ကလပ်အသင်းရဲ့ဦးစားပေးဂိုးသမားနေရာမှာ ဆက်ရှိနေဆဲဖြစ်ပါတယ်။ လာမယ့်အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားကို အသင်းမှရောင်းချလိုက်တာမျိုး ရှိကောင်းရှိလာနိုင်ပေမယ့် အခုအချိန်မှာတော့ ပက်ဂွါဒီယိုလာက ဘင်ဖီကာဂိုးသမားဟောင်းကို အသင်းမှာဆက်ထိန်းထားချင်သေးတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။

အခုနိုင်ငံတကာသီတင်းပတ်အပြီး အောက်တိုဘာ ၂၀ ရက်၊ Molineux ကွင်းမှာ ဝုဗ်နဲ့ရင်ဆိုင်ရမယ့် လိဂ်ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်ဖို့ အီဒါဆန်နဲ့ ပက်ဂွါဒီယိုလာ ပြန်လည်ပူးပေါင်းသွားရပါလိမ့်မယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular