ဘာစီလိုနာအသင်းသည် ယခုနွေရာသီတွင် ယူရို (၁၅၈) သန်း အသုံးပြုထားပြီးဖြစ်သော်လည်း အသင်းဥက္ကဋ္ဌ လာပေါ်တာသည် အသင်းလူစာရင်းကို ကျေနပ်ခြင်းမရှိသေးဘဲ မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူရန်ဆန္ဒရှိနေကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် ဖရန်ကီဒီယွန်းကို ရောင်းချပြီးပါက ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူရန်စီစဉ်နေပြီး မန်စီးတီးက ၎င်းအတွက် ယူရိုသန်း (၁၀၀) အထိ အလိုရှိနေကြောင်း သိရှိရသည်။
ဘာနာဒိုဆေးလ်ဗားသည် မန်စီးတီးအသင်းမှ ထွက်ခွာရန်ဆန္ဒရှိနေကြောင်းသိရပြီး သူ၏ပြောင်းရွှေ့ကြေးမြင့်မားမှုကြောင့် ခေါ်ယူလိုသည့်အသင်းများအနေဖြင့် အခက်တွေ့ဖွယ်ရှိနေသည်။