spot_img

မန်စီးတီးကို လိုက်မီဖို့ ၊ အမှတ်ပေး ဖလားကို ဆွတ်ခူးဖို့ ယူနိုက်တက်တို့ ဘာလိုသေးလဲဆိုတာ ပြောပြလိုက်တဲ့ ပေါလ် အင့်စ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးဆုံးသွားခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ပရီးမီးယားလိဂ် အမှတ်ပေး ဇယားမှာ အဆင့် 2 နေရာနဲ့ ရာသီ ပိတ်သိမ်း နိုင်ခဲ့ကြ ပါတယ် ။ ဒါဟာ ဆိုးလ်ရှား လက်ထက် ယူနိုက်တက်တို့ရဲ့ ပိုကောင်းတဲ့ ဘောလုံး ရာသီ ဖြစ်ခဲ့ရ ပါတယ် ။

ဒါပေမဲ့ ယူနိုက်တက်တို့ အမှတ်ပေး ဇယားကို ဦးဆောင်နေခဲ့တဲ့ မန်စီးတီး အသင်းအောက် 12 မှတ် အကွာမှာသာ ရပ်တည် နိုင််ခဲ့တဲ့ အတွက် နှစ်သင်းအကြား ခြားနားချက် အတော်လေး ကြီးမားနေသေးဆဲ ဆိုတာ သိသာထင်ရှား နေခဲ့ရပါတယ် ။

myan789

အခြား တစ်ဖက်မှာတော့ ဆိုးလ်ရှားဟာ ယူနိုက်တက် အသင်းဆီ ရောက်ရှိ ကတည်းက ဖလား လက်မဲ့ ရာသီ တွေကိုသာ ဖြတ်သန်းနေခဲ့ရတဲ့အတွက် နောက်ရာသီမှာ ဆုဖလား ရယူပေးမှ ဖြစ်နိုင်တော့မယ်ဆိုတဲ့ ဖိအားတွေအောက် ကျရောက် နေခဲ့ပါပြီ ။

ဒါ့ကြောင့် ယူနိုက်တက်တို့ဟာ စျေးကွက်ထဲမှာ ကမ္ဘာ့အဆင့် ကစားသမားတွေကို ခေါ်ယူအင်အားဖြည့်တင်းဖို့ လိုနေခဲ့ပါပြီ ။ လက်ရှိ အချိန်အထိတော့ ယူနိုက်တက်တို့ဟာ ဒေါ့မွန်မှ ဂျေဒန် ဆန်ချိုကို ပေါင် 72.9 သန်းနဲ့ ခေါ်ယူဖို့ သဘော တူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ် ။

ဒါ့အပြင် ယူနိုက်တက်တို့ဟာ ရီးယဲ မက်ဒရစ် နောက်ခံလူ ရာဖေး ဗာရာနီကို ခေါ်ယူဖို့ အတွက်လည်း နီးစပ် နေတယ်လို့ သိနေရ ပါတယ် ။ အခုတော့ ယူနိုက်တက် ကွင်းလယ်လူဟောင်း ပေါလ် အင့်စ် က ယူနိုက်တက်တို့ မန်စီးတီးကို လိုက်မီဖို့ ကမ္ဘာ့အဆင့် ကစားသမား 3 – 4 ဦးမျှ ထပ်မံ ဖြည့်တင်းဖို့ လိုကြောင်း ပြောခဲ့လိုက် ပါတယ် ။

” ဂျေဒန် ဆန်ချိုဟာ မန်ချက်စတာဆီ ဦးတည်နေပါပြီ ။ ပရိသတ်တွေ စိတ်လှုပ်ရှား နေကြမှာ အသေအချာ ပါပဲ ။ သူတို့ ဆန်ချိုကို လိုက်နေတာ ကြာပြီလေ ။ ပြီးခဲ့တဲ့ 2 နှစ်တာ ဘိုရုရှား ဒေါ့မွန် အသင်းမှ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ဂိုးတွေကို ကြည့်လိုက်ပါ ”

” ပရိသတ်တွေဟာ စိတ်လှုပ်ရှားဖွယ် ကစားသမား တစ်ဦးကို ပိုင်ဆိုင်ရတော့မယ်ဆိုတာ သိနေကြပါပြီ ။ သူဟာ အန်ဒရေ ကန်ချဲလ်စကီး လို ကစားသမားမျိုးပါပဲ ။ သူက ဘောလုံး လက်ခံ ရယူပြီး ပြိုင်ဖက်တွေကို ကျော်ဖြတ်ရတာမျိုး နှစ်ခြိုက်တဲ့ ကစားသမား တစ်ဦးပါ ”

” ဆန်ချိုဟာ ပြိုင်ဖက် ဂိုးဧရိယာထဲ ဘောလုံး ဆွဲယူပြေးရင်းနဲ့ ဂိုးသွင်းယူလိုတဲ့ ကစားသမားမျိုး ဖြစ်တယ်ဆိုတာ အင်္ဂလန်မှာ မြင်တွေ့ခဲ့ပြီးပါပြီ ။ သူက ဘောလုံးကို သက်သောင့်သက်သာ ကိုင်တွယ် ကစားပြနိုင်သူ တစ်ဦးပါပဲ ။ သူဟာ တကယ့်ကို ကောင်းတဲ့ ခေါ်ယူမှု တစ်ခုပါ ”

” ဒါပေမဲ့ အမှတ်ပေး ဖလားကို စိန်ခေါ်ဖို့ အတွက် ယူနိုက်တက် အသင်းဟာ နောက်ထပ် အရည်အသွေးကောင်းတဲ့ ကစားသမား 3 – 4 ဦးလောက် ခေါ်ယူဖို့ လိုအပ် နေပါသေးတယ် ။ ကာဗာနီ တစ်နှစ် ထပ်ပြီး သက်တမ်းတိုးတာက ခမ်းနားလှ ပါတယ် ”

” ဒါပေမဲ့ ဒီအသက်အရွယ်မှာ သူဟာ ပွဲတိုင်းကစားပေးချင်ရင်တောင် ကစားပေးနိုင်မှာ မဟုတ်တော့ပါဘူး ။ ဒါကို အားလုံး သိကြပါတယ် ။ သူတို့ အထောင်တိုက်စစ်မှူး တစ်ဦး လိုနေပါသေးတယ် ။ ပြီးတော့ ကမ္ဘာ့ အဆင့် ဗဟို ခံစစ် နဲ့ ဗဟို ကွင်းလယ်လူလည်း လိုအပ်နေပါသေးတယ် ”

” လွန်ခဲ့တဲ့ နှစ်တွေတုန်းက ယူနိုက်တက်ရဲ့ ကစားသမား ခေါ်ယူမှုတွေ ညံ့ခဲ့ပါတယ် ။ သူတို့ သန်း 40 သုံးခဲ့တဲ့ ဗန်ဒီ ဘိခ်က ပွဲကစားခွင့်တောင် ဘာမှမရခဲ့ပါဘူး။ ဒီအပြောင်း အရွှေ့က အဓိပ္ပါယ် လုံးဝ မရှိခဲ့ပါဘူး ။ ယူနိုက်တက်တို့ မှန်ကန်တဲ့ ခေါ်ယူမှုတွေ လုပ်နိုင်ဖို့ လိုအပ်နေပါပြီ ” လို့ ပေါလ် အင့်စ် က အကြံပေး ခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular