spot_img

မန်စီးတီး ရဲ့ အက်ဖ်အေ ဖလား အောင်ပွဲမှာ အဓိက ကျခဲ့တဲ့ ကစားသမား တစ်ဦးကို ချီးကျူးလိုက်တဲ့ ကာရေဂါ

လီဗာပူး အသင်း ရဲ့ဂန္တဝင် နောက်ခံလူဟောင်း ကာရေဂါ က မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် အသင်းကို အနိုင်ယူပြီး အက်ဖ်အေဖလား ချန်ပီယံ ဖြစ်လာတဲ့ မန်ချက်စတာ စီးတီး အသင်း ရဲ့ အောင်ပွဲမှာ အဓိက ကျခဲ့တဲ့ ကစားသမားဟာ ဂျွန်စတုန်းစ် ဖြစ်တယ်လို့ ချီးကျူး ပြောကြား လိုက်ပါတယ် ။

မန်ယူနိုက်တက် ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ သွင်းဂိုး ၂ ဂိုး စလုံး ကို သွင်းယူ ပေးခဲ့တာက ကပ္ပတိန် ဂန်ဒိုဝမ် ဖြစ်ပေမယ့် စတုန်းစ် ရဲ့ စွမ်းဆောင်ရည် က တကယ့်ကို လက်ဖျားခါရလောက်အောင် ကောင်းမွန်လွန်း ခဲ့တယ်လို့ ကာရေဂါ က သူ့ရဲ့ တွစ်တာ အကောင့်မှာ ချီးကျူး သွားခဲ့တာပါ ။

myan789

” ဂျွန်စတုန်းစ် က စီးတီး အတွက် အဓိက ကျခဲ့ပါတယ် ၊ သူ ဘောလုံး နဲ့ အတူ ရှေ့ကို တက်လာတဲ့ အချိန်တိုင်း ပြိုင်ဘက်ကို ဒုက္ခရောက်အောင် လုပ်နိုင်ခဲ့ပါတယ် ။ ကတ်စီမီရို နှင့် ဖရက်ဒ် တို့က KDB နှင့် ဂန်ဒိုဝမ် ကို ကောင်းကောင်း လူကပ် ကစားထား နိုင်ခဲ့တာ မှန်ပါတယ် ၊ ဒါပေမယ့် စတုန်းစ် ကိုကျ ကပ်မဲ့သူမရှိတော့ တကယ့်ကို စိတ်ကြိုက် ကစားခွင့် ရနေခဲ့တာပါ ။ ”

” ဂျွန်စတုန်းစ် ရဲ့ စွမ်းဆောင်ရည်က ကျနော့်ကို ဝိုးခနဲ ဖြစ်စေခဲ့ပါတယ် ၊ သူ တကယ်ကောင်းတဲ့ ကစားသမား တစ်ဦး ဖြစ်လာနေတာပါ ၊ ဂန်ဒိုဝမ် က စီးတီး ကို အနိုင်ရစေခဲ့တဲ့ ကစားသမား အဖြစ် အမှတ်ရနေကြမှာ ဖြစ်ပေမယ့် ဂျွန်စတုန်းစ် ရဲ့ စွမ်းဆောင်ရည် က တကယ့်ကို ထူးချွန် ပြောင်မြောက်လွန်းခဲ့တယ် ဆိုတာကိုလည်း ကျနော်ကတော့ အမှတ်ရနေမှာပါ ။ ”

” ခံစစ်ပိုင်း မှာလည်း ထိပ်တန်းအဆင့် ရှိခဲ့ပါတယ် ၊ ဂါနာချို ကို တားဆီး နိုင်ခဲ့တယ် ၊ ဂိုးဝင်ခါနီး အခြေအနေကို အရဲစွန့် ရှင်းထုတ်ခဲ့တယ် ၊ နောက်ပြီး ကွင်းလယ်ကနေလည်း တိုက်စစ်ကို ပြေးလွှား ကစား နိုင်ခဲ့ပါတယ် ၊ ဒီလို လုပ်နိုင်တာမျိုးက ကျနော် မှတ်မိသလောက် ဂျာမနီ က ဆမ်းမား နှင့် မာသီးယပ်စ် တို့ပဲ ရှိပါတယ် ၊ ဒါပေမယ့် သူတို့က back three မှာ sweepers အဖြစ် ကစားခဲ့ကြသူတွေပါ ၊ သူတို့က ကွင်းလယ်လူ တစ်ဦးလို ဘောလုံး လက်ခံ ကစားတာထက် ဘောလုံး နဲ့ အတူ ရှေ့ကို ဆွဲပြေး ကစားကြတာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular