spot_img

မန်ချက်စတာယူနိုက်တက် ကွင်းလယ်တွင် တွမ်မီနေးနှင့် ဖရက်ဒ်ကစားနေသရွေ့ ထိပ်တန်းဆုဖလားများ ရယူနိုင်မည်မဟုတ်ဟု အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကင်း ဝေဖန်

မန်ယူအသင်း၏လူစာရင်းမှာ ချန်ပီယံ မန်စီးတီးအသင်းကို ယှဉ်နိုင်စွမ်းမရှိသလို ကွင်းလယ်တွင် တွမ်မီနေးနှင့် ဖရက်ဒ် ကစားနေသရွေ့ ထိပ်တန်းဆုဖလားများ ရယူနိုင်မည်မဟုတ်ကြောင်း အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကင်းက ဝေဖန်ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ပရိသတ်များ၏ ဆန္ဒပြမှုကြောင့် ရွှေ့ဆိုင်းထားရသည့် လီဗာပူးလ်အသင်းနှင့်ပွဲကို ကြာသပတေးနေ့က ပြန်လည်ယှဉ်ပြိုင်ကစားရာ အိမ်ကွင်း၌ (၂-၄) ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။ မန်ယူအသင်းသည် ငါးရက်အတွင်း ပရီးမီးယားလိဂ်ပွဲစဉ် သုံးပွဲကစားရာ ဗီလာနှင့် အဝေးကွင်းတစ်ပွဲသာ အနိုင်ရပြီး အိမ်ကွင်း၌ နှစ်ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ခဲ့သည်။

myan789

အင်္ဂါနေ့က လက်စတာ အသင်းနှင့်ပွဲတွင် အဓိက ကစားသမားများ အား ချန်လှပ်၍ အရန်ကစားသမားများဖြင့် ပွဲထွက်ကစားသောကြောင့် (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး လီဗာပူးလ်နှင့်ပွဲတွင်မူ ကာဗာနီ၊ ဘရူနိုဖာနန်ဒက်စ်၊ ပေါ့ဘာ၊ ရပ်ရှ်ဖို့ဒ် စသည့် ကစားသမားများ ပါဝင်လာသော်လည်း ဂိုးပြတ်ရှုံးပွဲကြုံတွေ့ခဲ့ရသည်။

ထို့ကြောင့် Sky Sports သတင်းဌာနအတွက် ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကင်းက လက်ရှိလူစာရင်းဖြင့် ချန်ပီယံဆုရယူရန် မဖြစ်နိုင်ကြောင်း သုံးသပ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ယူနိုက်တက်က နေရာအားလုံးမှာ စွမ်းဆောင်ရည်ညံ့ဖျင်းခဲ့ပြီး စိတ်ဓာတ်ပိုင်းလည်း ကြံ့ခိုင်မှုမရှိပါဘူး။ ဒီညအတွက် စွမ်းဆောင်ရည်က လုံလောက်တဲ့အခြေအနေနဲ့ လုံးဝမနီး စပ်ပါဘူး။ ဒီရက်ပိုင်းမှာ ယူနိုက်တက်ရဲ့ အားနည်းချက်တွေအားလုံး ပေါ်လာတာပါ။ ဒီညမှာ အရည်အသွေးပိုင်း မလုံလောက်တာတင် မဟုတ်ဘဲ ဆိုးရွားတဲ့ဂိုးတွေ ပေးခဲ့ရပါတယ်။ လီဗာပူးလ်က ခြောက်ဂိုး၊ ခုနစ်ဂိုးလောက် ရနိုင်တာက စိုးရိမ်စရာပါ။ ပြီးခဲ့တဲ့လတွေမှာ ယူနိုက်တက်ကို ကျွန်တော်တို့ ချီးကျူးခဲ့ကြပေမဲ့ ဒီလူစာရင်းက မန်စီးတီးနဲ့ယှဉ်ပြီး ချန်ပီယံဆုရယူဖို့ မဖြစ်နိုင်ပါဘူး။ ယူနိုက်တက်ရဲ့ ဒီလူစာရင်းက မန်စီးတီးနဲ့ တော်တော်လေး ကွာခြားနေတာက စိုးရိမ်စရာကောင်းပါတယ်။ အနည်းဆုံး ထိပ်တန်းကစားသမား သုံး၊ လေး ယောက်လောက် ရောက်လာဖို့ လိုအပ်တယ်ဆိုတာ အိုလေး (ဆိုးလ်ရှား) လည်း သိပါလိမ့်မယ်။ ဖာနန်ဒက်စ်ကို ကျွန်တော်မဝေဖန်ချင်ပါဘူး။ ဒါပေမဲ့ သူက ကွင်းထဲမှာ ညတစ်ဝက်လောက် ငိုနေခဲ့တာပါ။ ကွင်းလယ်လူနှစ်ယောက်ကိုလည်း ကျွန်တော်တွေ့ပါတယ်။ မက်တွမ်မီနေးက ရိုးသားပြီး ကောင်းတဲ့ကစား သမားတစ်ယောက်ပါ။ သူတို့ဆီမှာ ဖရက်ဒ် လည်း ရှိပါတယ်။ မန်ချက်စတာယူနိုက်တက်အတွက် အဲဒီကစားသမားနှစ်ယောက် ကွင်းလယ်မှာ ကစားနေသရွေ့ သူတို့ ဆုဖလား ကြီးကြီးမားမားရယူနိုင်မှာ မဟုတ်ပါဘူး။ သူတို့က ယူရိုပါလိဂ် ဗိုလ်လုပွဲရောက်နေပြီဆိုတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲရောက်ရတာက ချန်ပီယံလိဂ်နဲ့ အလှမ်းကွာနေလို့ပါ။ မက်ဂွိုင်းရားမပါနိုင်တာ ဆုံးရှုံးမှုဆိုပေမဲ့ အမှားတွေက ကျောင်းသား အဆင့်ဖြစ်နေတယ်”ဟု ရွိုင်ကင်းက ဆိုသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular