spot_img

မန်ချက်စတာ ယူနိုက်တက် အသင်းမှာ လိုချင်သလောက် အချိန်မရခဲ့ဘူးလို့ ပြောရင်း သူ့ရဲ့ ရူးသွပ်မှု တစ်ခုကို ဖွင့်ဟလိုက်တဲ့ မော်ရင်ဟို

လက်ရှိ တော့တင်ဟမ် ဟော့ စပါး အသင်းရဲ့ နည်းပြ ဖြစ်သူ ဟိုဆေး မော်ရင်ဟို က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဘဝမှာ သူဟာ အချိန်တွေ လုံလောက်စွာ မပိုင်ဆိုင် နိုင်ခဲ့ကြောင်း ၊ ဒါပေမယ့် 2018 ဒီဇင်ဘာ တုန်းက သူ့ကို အလုပ်ထုတ် ခဲ့တဲ့ အသင်းရဲ့ ဆုံးဖြတ်ချက်အပေါ် လေးစားသမှု ထားရှိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

ဟိုဆေး မော်ရင်ဟိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်ရှိ လာခဲ့တဲ့ ပထမဆုံး ဘောလုံး ရာသီမှာ ယူရို ပါလိဂ် နဲ့ ကာရာဘောင်း ဖလား တွေကို ဆွတ်ခူး ပေးနိုင်ခဲ့ ပါတယ် ။ အဲ့ဒီနောက် တစ်နှစ် မှာတော့ သူဟာ အသင်းကို အမှတ်ပေး ဇယား အဆင့် 2 နေရာနဲ့ ရာသီ ပိတ်သိမ်း နိုင်အောင် ဦးဆောင် ထားနိုင်ခဲ့ ပါတယ် ။

myan789

ဒါပေမယ့် နောက်ရာသီမှာတော့ သူနဲ့ အသင်းရဲ့ ကစားသမား အချို့ အကြား ယခင်လိုမျိုး အဆင်ပြေမှုခြင်း မရှိမှု ၊ ရလဒ်တွေလည်း ဆက်တိုက် ဆိုသလို ကျဆင်း နေခဲ့မှု တွေကြောင့် 2018 ဒီဇင်ဘာလမှာ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်း အဖြစ်မှ ထုတ်ပယ် ခံခဲ့ လိုက်ရ ပါတယ် ။ အဲ့ဒီ နေရာကိုတော့ ဆိုးလ်ရှား က အစားထိုး ဝင်ရောက် လာခဲ့ ပါတယ် ။

အခုတော့ ယူနိုက်တက် နည်းပြ အဖြစ်မှ ထုတ်ပယ် ခံရပြီး နှစ်နှစ် အကြာ ၊ တော့တင်ဟမ် ဟော့ စပါး အသင်းကို အမှတ်ပေး ဇယား ထိပ်ပိုင်းနားမှာ ပို့ဆောင် နိုင်ခဲ့တဲ့ အနေအထား တစ်ရပ်မှာတော့ ဟိုဆေး မော်ရင်ဟို က တစ်ကယ့်ကို ကြီးကျယ်တဲ့ စီမံကိန်း တစ်ခုကို ရေးဆွဲ နိုင်ဖို့ အတွက် သူ ရရှိခဲ့တဲ့ အချိန်တွေက မလုံလောက် ခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော့်ရဲ့ နည်းပြဘဝ သက်တမ်း တစ်တမ်း တစ်လျှောက် ၊ ကျွန်တော် ကိုင်တွယ် ခဲ့တဲ့ နာမည်ကျော် ကလပ်တွေ ဆီမှာ အောင်မြင်မှုကို ရယူနိုင်ဖို့ အတွက် အချိန်တွေ သိပ်ပြီး မပေးခဲ့ရပါဘူး ။ ကျွန်တော်ဟာ ပေါ်တို ၊ အင်တာ ၊ ရီးယဲ ၊ ချဲလ်ဆီး (နှစ်ခါလုံး) အသင်း တွေမှာ အောင်မြင်မုှတွေ ရရှိ နိုင်ဖို့ အတွက် အချိန်တွေ အများကြီး မပေးခဲ့ရ ပါဘူး ”

” ကျွန်တော်တို့တွေဟာ ဆုဖလား တွေကို ရယူဆွတ်ခူး နိုင်ဖို့ အတွက် အသင်းကို အချိန်ပေးပြီး တည်ဆောက်သွားဖို့ မလိုအပ်ခဲ့ ပါဘူး ။ ကျွန်တော့်ရဲ့ ရည်မှန်းချက်က ခြားနားတဲ့ အရာတွေကို လုပ်ဆောင်ဖို့ ဖြစ်ခဲ့ရ ပါတယ် ။ ကျွန်တော့်ရဲ့ ရူးသွပ်မှု တစ်ခုက နိုင်ငံတွေ အများကြီးကိုသွားပြီး အနိုင် ရရှိအောင် ကြိုးစားမယ် ဆိုတာ ပါပဲ ”

” ကျွန်တော်ဟာ ခြားနားတဲ့ နိုင်ငံ တွေမှာ မတူညီတဲ့ အတွေ့အကြုံ တွေကို ပိုင်ဆိုင်နိုင်ဖို့ အတွက် ကြိုးစားအားထုတ်ခဲ့ ပါတယ် ။ အဲ့တာတွေက ပြီးပြည့်စုံခဲ့ ပါတယ် ။ ကျွန်တော့် အတွက်တော့ အောင်မြင်မှု တွေကို ရယူမယ် ၊ ဂွတ်ဘိုင် လို့ နှုတ်ဆက်မယ် ၊ ပြီးရင် နောက်ထပ် နေရာသစ် တစ်ခုမှာ ခြားနားတဲ့ အတွေ့အကြုံကို ရှာဖွေရင်း ထပ်မံ ကြိုးစားမယ် ဆိုတဲ့ ရူးသွပ်မှု တစ်ခု ရှိခဲ့ ပါတယ် ”

” ကျွန်တော့် ရဲ့ နည်းပြ ဘဝမှာ အချိန်တွေ လိုအပ်နေတယ်လို့ ပထမဆုံးအကြိမ် တွေးတောပြီး လိုအပ်တဲ့ အချိန် တွေကို မရနိုင် ဖြစ်ခဲ့ရတာက မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပါပဲ ။ ကျွန်တော်ဟာ ရေးဆွဲ နေခဲ့တဲ့ စီမံကိန်း တစ်ခုကို အပြီးမသတ်နိုင်ပဲ လမ်းခုလပ် တစ်ခု မှာပဲ ချန်ထားခဲ့ရတယ်လို့ ခံစား ခဲ့ရ ပါတယ် ”

” ဒါပေမယ့် ဆုံးဖြတ်ချက် တွေကို လေးစားရမယ် ဆိုတာကိုတော့ ကျွန်တော်ဟာ စောလျင်စွာ သိရှိ နားလည် သွားခဲ့ရ ပါတယ် ။ ကျွန်တော် ယူနိုက်တက် အသင်းမှာ အဲ့ဒီလို သင်ခန်းစာ ရရှိခဲ့ ပါတယ် ” လို့ ဟိုဆေး မော်ရင်ဟို က လီဗာပူးကို 2 – 1 နဲ့ ရှုံးနိမ့် ခဲ့တဲ့ ပွဲစဉ် မတိုင်မီ ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular