spot_img

မည်သည့်အောင်မြင်မှုမှမရသေးဟု အင်္ဂလန်အသင်းသားများကို ဆောက်ဂိတ် သတိပေး

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ဂျာမနီအသင်းကို အနိုင်ရပြီး ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သော်လည်း မည်သည့်အောင်မြင်မှုမှမရသေးကြောင်း အသင်းသားများကို သတိပေးပြောကြားခဲ့သည်။

အင်္ဂလန်အသင်းသည် ပြီးခဲ့သည့်အင်္ဂါနေ့က ကစားသည့် ယူရို-၂၀၂၀ ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်တွင် ဂျာမနီအသင်းကို (၂-၀)ဂိုးဖြင့် အနိုင်ရပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

myan789

အင်္ဂလန်အသင်းသည် ကွာတားဖိုင်နယ်အဆင့်တွင် ယူကရိန်းနှင့်ကစားရမည်ဖြစ်ပြီး ယူကရိန်းအသင်းကို အနိုင်ရခဲ့မည်ဆိုပါက ဆီမီးဖိုင်နယ်အဆင့်တွင် ချက်-ဒိန်းမတ်ပွဲမှ အနိုင်ရသည့်အသင်းနှင့် တွေ့ဆုံမည်ဖြစ်သည်။

ထို့ကြောင့် အင်္ဂလန်အသင်းမှာ ဂျာမနီအသင်းကို အနိုင်ရပြီးနောက် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ဗိုလ်လုပွဲတက်ရောက်ရန် ရေပန်းအစားဆုံးဖြစ်လာခဲ့သလို၊ ဘွတ်ကီဒိုင်များ၏ အလေးပေးမှုများတွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေသည်။

သို့သော် အင်္ဂလန်နည်းပြ ဆောက်ဂိတ်က မိမိတို့ ဘာမှမအောင်မြင်သေးကြောင်းနှင့် ရှေ့လာမည့် ပွဲစဉ်များမှာ ပိုမိုခက်ခဲလာဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆောက်ဂိတ်က ”ကျွန်တော့်အနေနဲ့ ကစားသမားတွေကို သတိပေးစရာ မလိုပါဘူး။ ဂျာမနီနဲ့ပွဲအပြီး အဝတ်လဲခန်းမှာ စနေနေ့(ဇူ လိုင်လ ၃ ရက်)မှာ ကစားမယ့်ပွဲအကြောင်းကို ကျွန်တော်တို့ ပြောခဲ့ကြပါတယ်။ ဂျာမနီနဲ့ပွဲက အသင်းရဲ့စွမ်းဆောင်မှုဟာ တကယ်ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပွဲမှာ ကုန်ခန်းခဲ့တဲ့အားအင်တွေကို ပြန်လည်ဖြည့်တင်းနိုင်ဖို့လိုသလို၊ စိတ်ပိုင်းဆိုင်ရာအရလည်း နောက်ပွဲအတွက် အသင့်ဖြစ်နေဖို့ လိုပါတယ်။ ပြိုင်ပွဲဟာ နောက်ဆုံးအဆင့်တွေကို ရောက်လာတာနဲ့အမျှ ပိုမိုခက်ခဲလာပြီး ကျွန်တော်တို့အနေနဲ့ အခုအချိန် မော်ကြွားနေလို့ မရပါဘူး။ ကျွန်တော်တို့အနေနဲ့ ကိုယ့်ရဲ့စွမ်းဆောင်ရည်အပေါ်မှာ ယုံကြည်မှုရှိရမှာဖြစ်ပေမဲ့ ဘာအောင်မြင်မှုမှ မရသေးပါဘူး”ဟု ပြောကြားခဲ့သည်။

အင်္ဂလန်အသင်းသည် ယူရိုပြိုင်ပွဲတွင် (၁၀) ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ဖူးပြီး အမြင့်ဆုံးအောင်မြင်မှုမှာ ယူရို-၁၉၆၈ ပြိုင်ပွဲတွင် တတိယရဖူးခြင်းဖြစ်ပြီး ဗိုလ်လုပွဲသို့ပင် တစ်ကြိမ်မျှ တက်ရောက်ဖူး ခြင်းမရှိချေ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular