spot_img

မက်ဆီ၏ ကစားသမားဘဝမှာ ဘာစီလိုနာတွင်သာ ကုန်ဆုံးဖွယ်ရှိဟု ကိုးမန်း ဆို

ဘာစီလိုနာအသင်းနည်းပြသစ်ဖြစ်သူ ရော်နယ်လ်ကိုးမန်းက အသင်းခေါင်းဆောင် မက်ဆီနှင့် ဘာစီလိုနာမှာ တစ်သားတည်းကျနေပြီး မက်ဆီအနေဖြင့် ၎င်း၏ကစားသမားဘဝအား ဘာစီလိုနာအသင်းတွင်သာ ကုန်ဆုံးဖွယ်ရှိကြောင်း ပေါ်တူဂီမီဒီယာ NOSသို့ ဖြေကြားခဲ့မှုကို စပိန်အားကစားသတင်းစာ Marca က ပြန်လည်ဖော်ပြခဲ့သည်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်းအား (၂-၈)ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းအနေဖြင့် အပြောင်းအလဲများစွာဖြစ်ပေါ်ခဲ့သလို အဓိကကစားသမားဖြစ်သည့် အသင်းခေါင်းဆောင် မက်ဆီ၏ အနာဂတ်မှာလည်း ပိုမိုလှုပ်ခတ်လာခဲ့သည်။ မက်ဆီအနေဖြင့် လက်ရှိတွင် ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့ပြီး လာမည့် ၂၀၂၁ ခုနှစ်နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးပါက အသင်းမှ ထွက်ခွာရန်နီးစပ်နေကြောင်း ဥရောပမီဒီယာအများအပြားက ဖော်ပြနေကြသည်။ မက်ဆီအား ခေါ်ယူရန်အတွက် ဥရောပထိပ်သီးကလပ်အသင်းများဖြစ်သည့် မန်စီးတီး၊ အင်တာမီလန်နှင့် PSG အသင်းတို့က အပြိုင်ကြိုးပမ်းဖွယ်ရှိနေကြောင်းလည်း သိရသည်။

myan789

သို့သော် ဘာစီလိုနာအသင်းနည်းပြသစ်ဖြစ်လာသူ ရော်နယ်လ်ကိုးမန်းက မိမိအနေဖြင့် မက်ဆီ၏လက်ရှိခံစားချက်ကိုနားလည်ကြောင်းနှင့် မက်ဆီမှာ ဘာစီလိုနာအသင်းတွင်သာ ကစားသမားဘဝကုန်ဆုံးမည့်သူဖြစ်ကြောင်း ပြော ကြားခဲ့သည်။ ကိုးမန်းက ”ကျွန်တော် ဂွါဒီယိုလာ နဲ့ ဆက်သွယ်မှုတွေရှိခဲ့ပြီး သူက မက်ဆီနဲ့ အလုပ် တွဲလုပ်ရတာ ကြီးကျယ်ခမ်းနားကြောင်း ကျွန်တော့်ကို ပြောပါတယ်။ မက်ဆီဟာ ချန်ပီယံတစ် ဦးဖြစ်ပြီး သူ့အနေနဲ့ ရှုံးနိမ့်ခဲ့ရင်တော့ ဝမ်းနည်း နေတတ်ပါတယ်။ ကျွန်တော်ဟာ သူနဲ့ အလုပ်တွဲ လုပ်လိုပြီး သူ့ရဲ့ခံစားချက်ကလည်း အရေးကြီးပါတယ်။ မက်ဆီဟာ ကစားသမားဘဝကို ဘာစီ လိုနာမှာပဲ ကုန်ဆုံးမှာပါ။ ဘာကြောင့်လဲဆိုရင် တော့ မက်ဆီဟာ ဘာစီလိုနာဖြစ်ပြီး၊ ဘာစီလိုနာဟာလည်း မက်ဆီဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ မက်ဆီသည် နွေရာသီအားလပ်ရက်ဖြစ်သော်လည်း ပြီးခဲ့သည့်သြဂုတ် (၂၀)ရက်နေ့က နည်းပြသစ် ကိုးမန်းနှင့်တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုအကြောင်း အသေးစိတ်ပေါက်ကြားခဲ့သည့်အတွက် ဒေါသထွက်နေကြောင်း Marca သတင်း စာက စနေနေ့တွင် ဖော်ပြခဲ့သည်။ မက်ဆီအနေဖြင့် ကိုးမန်းနှင့်တွေ့ဆုံမှုတွင် မိမိမှာ ဘာစီလိုနာအသင်းတွင်ဆက်နေရန်ထက် ထွက်ခွာရန်ဆန္ဒရှိသည်ဟု ပြောကြားခဲ့ကြောင်း ကတ်တလန်အခြေစိုက် RAC1ရေဒီယိုက ထုတ်လွှင့်ခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular