spot_img

မက်ဆီအား ဘာစီလိုနာအသင်းတွက် ဆက်ရှိနေစေလိုသည်ဟု ပူယိုးလ် ဖွင့်ဟ

ဘာစီလိုနာနောက်ခံလူဟောင်း ပူးယိုးလ်က မက်ဆီကို အသင်းတွင် ဆက်ရှိနေစေလိုသည်ဟု ဖွင့်ဟပြောကြားခဲ့သည်။

အသက် (၃၃)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် ယခုရာသီကုန်တွင် ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းကို ခေါ်ယူရန် မန်စီးတီးနှင့် PSG အသင်းတို့က စိတ်ဝင်စားနေကြောင်း သိရသည်။

myan789

သို့သော် မက်ဆီက မိမိ၏အနာဂတ်ကို ယခုရာသီကုန်တွင်မှ ဆုံးဖြတ်မည်ဟု ဆိုထားပြီး ပူယိုးလ်က အသင်းဖော်ဟောင်း မက်ဆီအတွက် ဘာစီလိုနာအသင်းမှာ အကောင်းဆုံးနေရာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပူယိုးလ်က “သိပ်မကြာခင်က မက်ဆီနဲ့ ကျွန်တော် စကားပြောဖြစ်ပါတယ်။ သူ့အနေနဲ့ အစစအရာရာ အဆင်ပြေနေပြီး စိတ်အားထက်သန်နေတာကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။ သူ့ကို ဘာစီလိုနာအသင်းမှာပဲ ဆက်ရှိနေစေချင်ပါတယ်။ ဘာစီလိုနာက မက်ဆီအတွက် အကောင်းဆုံးနေရာလို့ ကျွန်တော် ထင်ပါတယ်”ဟု ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းဥက္ကဋ္ဌသစ် လာပေါ်တာကလည်း မိမိအနေဖြင့် မက်ဆီကို အသင်းတွင် ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း အသင်းပရိသတ်များကို ကတိပေးပြောကြားထားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular