spot_img

မက်ဆီဖန်တီးပေးပြီး ဘာပေရဲ့ အဆုံးသတ်မှုကြောင့် ဘရက်စ်ကို အနိုင်ရခဲ့တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းသည်  ဘိုင်ယန်မြူးနစ်ကို အရှုံးပေးပြီး  ချန်ပီယံလိဂ်မှ ထွက်ခဲ့ရပြီးနောက် ပြည်တွင်းအမှတ်ပေးချန်ပီယံဆုကို ရရှိရန် အာရုံစိုက်ကြိးပမ်းနေသည်။ ပီအက်စ်ဂျီသည်  မနေ့ညက အဝေးကွင်းတွင် ဘရက်စ်နှင့် ကစားသည့်ပွဲတွင် မိနစ် ၉၀ အထိ တစ်ဂိုးစီသရေကျနေပြီး နာကျင်အချိန်ပိုတွင် မက်ဆီ၏ ဖန်တီးပေးမှုကို ဘာပေက အဆုံးသတ်လိုက်နိုင်ခြင်းကြောင့် ၂-၁ ဖြင့်အနိုင်ရရှိခဲ့သည်။ ပထမပိုင်း ၃၇ မိနစ်တွင် ပီအက်စ်ဂျီအတွက် ဆိုလာက ဂိုးသွင်းပေးပြီးနောက် ပွဲချိန် ၄၃ မိနစ်တွင် ဟိုနိုရတ်က ဘရက်စ်အတွက် ချေပဂိုးပြန်သွင်းပေးခြင်းဖြစ်သည်။

မက်ဆီက ဖြတ်ပေးလိုက်သော ဘောလုံးကို လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီးနောက် ဘာပေက ဂိုးသမားကို ဖြတ်ကျော်၍ ကန်သွင်းလိုက်ခြင်းဖြစ်သည်။ ဘာပေသည် ပွဲချိန် ၈၅ မိနစ်တွင် လဲကျနေသော ပြိုင်ဘက်ကစားသမား ဘယ်လ်ကယ်လ်ဘာကို ကန်ခဲ့ပြီး ကံကောင်း၍သာ အထုတ်မခံရခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။ ဘာပေသည် ဘယ်လ်ကယ်ဘာကို နောက်မှ နေ၍ ပြစ်ဒဏ်ကျူးလွန်လိုက်ရာ ပြိုင်ဘက်ကစားသမားလဲကျသွားသည်။ ထို့နောက် ဘယ်လ်ကယ်ဘာက ဘာပေ၏ ခြေထောက်ကို ကိုင်ထားသည်ကို ဘာပေက ၎င်း၏ဝမ်းဗိုက်ကို ကန်ကျောက်လိုက်ခြင်းဖြစ်သည်။

myan789

ဘိုင်ယန်ကို ရှုံးနိမ့်၍ ချန်ပီယံလိဂ်မှ ထွက်ခဲ့ရသော်လည်းပီအက်စ်ဂျီသည် ပြည်တွင်းအမှတ်ပေးပြိုင်ပွဲတွင် ဒုတိယနေရာမှ မာဆေးကို ၁၁ မှတ်အသာဖြင့် ဦးဆောင်နေသည်။ အသင်း၏နည်းပြချုပ် ဂေါ်လ်တီယာက “ချန်ပီယံလိဂ်က ထွက်ခဲ့ရတာက စိတ်ပျက်စရာပါ။ ဒါပေမယ့် ပီအက်စ်ဂျီက အမှတ်ပေးချန်ပီယံဆုကို အရယူနိုင်ဖို့လိုအပ်ပါတယ်။ အရေးကြီးတာက စည်းလုံးညီညွတ်မှုဖြစ်ပါတယ်”ဟု ပြောဆိုလိုက်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular