အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်း အိုဇေးလ်နှင့် ၎င်း၏ မိတ်ဆွေများသည် မက္ကဆီကိုကလပ် Necaxa အသင်း၏ ရှယ်ယာ(၅၀%)ကို ဝယ်ယူရန် စီစဉ်နေကြောင်း သိရသည်။
အိုဇေးလ်သည် ဟောလီးဝုဒ်သရုပ်ဆောင်မင်းသမီး အီဗာလောင်ဂိုရီယာ၊ မော်ဒယ် ကိတ်အပ်တန်တို့နှင့်အတူ ဘောလုံးလောကတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် စီစဉ်နေရာ Necaxa အသင်း၏ ရှယ်ယာများကို ဝယ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။
Necaxa အသင်းကလည်း ထိပ်တန်းအသင်းတစ်သင်းအဖြစ် တည်ဆောက်ရန် ရည်ရွယ်နေပြီး ရင်းနှီးမြှုပ်နှံမှုများ လက်ခံသွားရန် လိုလားနေသည့်အတွက် အိုဇေးလ်နှင့် မိတ်ဆွေများ၏ ရှယ်ယာဝယ်ယူရန် ကြိုးပမ်းမှုကို လက်ခံသွားဖွယ်ရှိနေကြောင်း သိရသည်။
Necaxa အသင်းသည် ယခုရာသီ မက္ကဆီကိုလိဂ်ပြိုင်ပွဲတွင် ပွဲစဉ်(၁၄)ပွဲကစားပြီးချိန် (၁၀)မှတ်သာရရှိထားပြီး အမှတ်ပေးဇယားအောက်ခြေတွင် ရောက်ရှိနေကြောင်း သိရသည်။