ဖရန့်ဖတ် – အော့စ်ဘတ် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၁ ရက် ည ၈:၀၀ နာရီ)
နှစ်သင်းစလုံး ပွဲဦးထွက် ဂိုးပြတ်ရှုံးထားတာဖြစ်ပေမဲ့ အခြေအနေချင်းတော့ ကွာပါတယ်။ ဖရန့်ဖတ်အသင်း နိုင်ပွဲစယူလိမ့်မယ်။
ဖရိုင်းဘတ် – ဒေါ့မွန် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၁ ရက် ည ၈:၀၀ နာရီ)
ဖရိုင်းဘတ်အသင်းက ပြီးခဲ့တဲ့ရာသီ အမာခံအင်အားစုကို ဆက်ထိန်းထားနိုင်ဆဲဖြစ်လို့ သိပ်အပြောင်းအလဲ မရှိနိုင်ဘူး။ အသင်းရဲ့ဦးတည်ချက်ကလည်း ဇယားအလယ်ပိုင်းနား ရပ်တည်နိုင်ရေးဖြစ်ပြီး အစဉ်အလာအတိုင်း အသင်းကြီးတွေကို ဒုက္ခပေးနိုင်ဖို့ ကြိုးပမ်းလိမ့်မယ်။ ဒေါ့မွန်အသင်းကတော့ စူပါဖလားပွဲမှာ ဘိုင်ယန်ကို အရေးနိမ့်ခဲ့ပေမဲ့ ဒီရာသီမှာ အမှတ်မလျော့သင့်တဲ့ပွဲတွေကို ပိုပြီးဂရုစိုက်ကစားဖို့များတယ်။ ဒါပေမဲ့ ဖရိုင်းဘတ်ကွင်း နောက်ဆုံးတွေ့ဆုံတဲ့(၄)ရာသီမှာ ဒေါ့မွန်အသင်း တစ်ပွဲသာ အနိုင်ရထားတာကို သတိပြုရမှာပါ။ ဒေါ့မွန် ဂိုးမပြတ်နိုင်လို့ ဖရိုင်းဘတ်နဲ့ စွန့်စားချင်တယ်။
ဟာသာဘာလင် – ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၁ ရက် ည ၈:၀၀ နာရီ)
ဟာသာဘာလင်အသင်းမှာ ကစားသမားသစ်တွေများနေပြီး အထိုင်ကျလာရင်တော့ သတိထားရမယ့်အသင်းပါ။ ဝုလ်ဖ်ဘတ် ခြေစွမ်းပိုကောင်းပေမဲ့ အိမ်ရှင်ကို ကြိုက်တယ်။
ဘိုဟုမ် – မိန့်ဇ် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၁ ရက် ည ၈:၀၀ နာရီ)
အိမ်ကွင်းအားနဲ့ ဘွန်ဒစ်လီဂါ-၂ချန်ပီယံ ဘိုဟုမ်အသင်း ဘယ်လောက်ရုန်းနိုင်မလဲ စိတ်ဝင်စားစရာပါ။ ဒါပေမဲ့ လိုက်ပ်ဇစ်ကို အနိုင်ကစားထားတဲ့ မိန့်ဇ် အမှတ်ရဦးမယ်ထင်တယ်။
ဂရိုင်သာဖက်သ် – အာမီးနီးယား (မြန်မာစံတော်ချိန် သြဂုတ်လ ၂၁ ရက် ည ၈:၀၀ နာရီ)
တန်းတက် ဂရိုင်သာဖက်သ်ရဲ့ခြေစွမ်းက အခုပုံအတိုင်းဆို စွံမယ့်အနေအထား မရှိပါဘူး။ အာမီးနီးယားအသင်း အမှတ်ထပ်ယူလိမ့်မယ်။
လေဗာကူဆင် – မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၁ ရက် ည ၁၁:၀၀ နာရီ)
ရာသီအဖွင့်မှာ နှစ်သင်းစလုံး သရေသာရခဲ့ပေမဲ့ မိုချန်အသင်းက ဘိုင်ယန်ကို သရေကစားခဲ့တာပါ။ ဒါပေမဲ့ မိုချန်က အဝေးကွင်းဆို သိပ်ယုံစားမရပါဘူး။ မိုချန်အသင်း သရေထက်မပိုနိုင်လို့ လေဗာကူဆင်ကိုပဲ ရွေးချယ်ချင်တယ်။