spot_img

ဘောလုံးရာသီပြီးဆုံးအောင် ကျင်းပနိုင်ရေးအတွက် ညွှန်ကြားချက်များ အတိအကျလိုက်နာရန် ထုတ်ပြန်

၂၀၂၀-၂၀၂၁ အင်္ဂလန်ဘောလုံးရာသီ ပြီးဆုံးအောင် ကျင်းပနိုင်ရေးအတွက် COVID-19 ရောဂါနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား အတိအကျလိုက်နာရန် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)၊ ပရီးမီးယားလိဂ်၊ အင်္ဂလိပ်ဘောလုံးလိဂ်(EFL) နှင့် အမျိုးသမီးစူပါလိဂ်(WSL)တို့က ကြာသပတေးနေ့တွင် ပူးတွဲကြေညာ ချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံတစ်ဝန်း COVID-19 ရောဂါကူးစက်မှု မြင့်တက်နေသလို ပရီးမီးယားလိဂ်အပါအဝင် ပွဲစဉ်အချို့ ရွှေ့ဆိုင်းရမှုများရှိနေသောကြောင့် FA နှင့် သက်ဆိုင်ရာ ပြိုင်ပွဲကျင်းပရေးအဖွဲ့များက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

myan789

“အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်၊ ပရီးမီးယားလိဂ်၊ EFL နှင့် ဘာကလေအမျိုးသမီးစူပါလိဂ်အနေဖြင့် ပို၍တင်းကျပ်ထားသည့် COVID-19 သတ်မှတ်ချက်များကို ယခုတစ်ပတ်တွင် အသစ်ထုတ်ပြန်လိုက်ပြီး ပွဲစဉ်တစ်ပွဲတွင် ပါဝင်သူတစ်ဦးချင်းစီ၏ အရေးပါမှုကိုလည်း ဖော်ပြထားသည်။ ဘေးအန္တရာယ်ကင်းရှင်းရေးမှာ စုပေါင်းလုပ်ဆောင်ရမည့်အရာဖြစ်သည်။ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်ရန်အတွက် ကလပ်အသင်းများ၊ မန်နေဂျာများ၊ ကစားသမားများနှင့် ပွဲကျင်းပရာတွင် ပါဝင်သူအားလုံး၏ ပူးပေါင်းလုပ်ဆောင်မှု လိုအပ်ပြီး မိမိတို့၏ ကွင်းတွင်းကွင်းပြင် ဆောင်ရွက်မှုများမှာ အများပြည်သူအတွက် စံနမူနာပြဖြစ်ရန် လိုအပ်သည်။ လမ်းညွှန်မှု၊ ပညာပေးမှုနှင့် ပံ့ပိုးမှုများကို အဖွဲ့အစည်းများက ဆောင်ရွက်ပေးမည်ဖြစ်ပြီး အမြင့်ဆုံးသတ်မှတ်ချက်တွင် ဆက်ရှိနေစေရန်အတွက် အကြိုလေ့ကျင့်ဆောင်ရွက်မှုများကိုလည်း ပြန်လည်သုံးသပ်သွားမည်ဖြစ်သည်။ COVID-19ဆိုင်ရာ လုပ်ထုံးလုပ်နည်းများမှာ ရာသီတစ်ခုလုံး အောင်မြင်စွာ ကျင်းပနိုင်ရန် လုပ်ဆောင်နိုင်မည်ဟု ကျွနု်ပ်တို့ အဖွဲ့အစည်း(၃)ခုက ယုံကြည်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒစ်ဂျစ်တယ်၊ ယဉ်ကျေးမှု၊ မီဒီယာနှင့် အားကစားကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် ဗြိတိန်လွှတ်တော်အမတ် ဂျူလီယန်နိုက်ကမူ ကစားသမားများ၏ အပြုအမူအချို့မှာ ဦးနှောက်မရှိသည့်ပုံစံဖြစ်ကြောင်း ဝေဖန်ပြောကြားသည်။

“ကျွန်တော်တို့ မြင်နေရတဲ့ တချို့မြင်ကွင်းတွေက ဦးနှောက်မဲ့တဲ့၊ ဆိုးရွားတဲ့အခြေအနေအကြောင်း ဖော်ပြနေပါတယ်”ဟု ၎င်းက ဆိုခဲ့သည်။

ယင်းကဲ့သို့ဝေဖန်မှုကို မန်စီးတီးအသင်း နည်းပြ ဂွါဒီယိုလာ၊ ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်အပါအဝင် နည်းပြများက ပြန်လည်တုံ့ပြန်ခဲ့ပြီး ဂိုးသွင်းယူပြီးနောက် အုပ်စုလိုက် အောင်ပွဲခံခြင်းမှာ စည်းမျဉ်းချိုးဖောက်ခြင်းမဟုတ်ဘဲ စိတ်ခံစားမှုအရ ပြုလုပ်ခြင်းဖြစ်ကြောင်း ကာကွယ်ပြောကြားခဲ့ကြသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular