spot_img

ဘာပေအတွက် ယူရိုသန်း(၂၀၀)ဖြင့် ကမ်းလှမ်းခဲ့သော်လည်း PSG အသင်းက အကြောင်းမပြန်၍ ရီးယဲလ်အသင်း လက်လျှော့လိုက်ပြီဟု သတင်းများထွက်ပေါ်

ရီးယဲလ်အသင်းသည် PSG အသင်းမှ ပြင်သစ်တိုက်စစ်မှူး ဘာပေကို ယူရိုသန်း (၂၀၀)ဖြင့် ကမ်းလှမ်းခဲ့သော်လည်း PSG အသင်းက အကြောင်းပြန်ခြင်းမရှိသောကြောင့် ယခုနွေရာသီတွင် ဘာပေအား ခေါ်ယူမည့်အစီ အစဉ်ကို လက်လျှော့လိုက်ပြီဖြစ်ကြောင်း ဥရောပမီဒီယာများစွာက ဖော်ပြခဲ့ကြသည်။

ရီးယဲလ်အသင်းသည် ဘာပေကို ယူရို သန်း(၁၆၀)ဖြင့် ပထမဆုံးအကြိမ် ကမ်းလှမ်းခဲ့ပြီး PSG အသင်းက ငြင်းပယ်ခဲ့သောကြောင့် ယူရိုသန်း(၁၈၀)ဖြင့် ဒုတိယအကြိမ် တိုးမြှင့်ကမ်းလှမ်းခဲ့သည်။

myan789

ထို့နောက် တနင်္လာနေ့တွင် ယူရိုသန်း(၂၀၀)အထိ တိုးမြှင့်ကမ်းလှမ်းခဲ့သော်လည်း PSG အသင်းက အကြောင်းပြန်ခဲ့ခြင်းမရှိကြောင်း သိရသည်။

Sky Sports ၏ ဖော်ပြမှုအရ ရီးယဲလ်အသင်း၏ နောက်ဆုံးကမ်းလှမ်းမှုမှာ အသားတင်ပြောင်းရွှေ့ကြေးယူရို သန်း(၁၇၀)နှင့် Add-ons ကြေးယူရိုသန်း(၃၀) ဖြစ်သည်ဟု သိရပြီး ပြင်သစ်သတင်းစာ L’Equipe ကလည်း ရီးယဲလ်အသင်း ယူရိုသန်း (၂၀၀)ဖြင့် ကမ်းလှမ်းခဲ့သည်မှာ မှန်ကန်ကြောင်း ဖော်ပြခဲ့သည်။

စပိန်သတင်းစာအချို့ကမူ ဘာပေသည် ရီးယဲလ်အသင်း၏ ကမ်းလှမ်းမှုကို လက်ခံစဉ်းစားပေးရန် PSG အသင်းတာဝန်ရှိသူများထံ တောင်းဆိုခဲ့သည်ဟုလည်း ဖော်ပြခဲ့သည်။

တနင်္လာနေ့က ထွက်ပေါ်ခဲ့သော သတင်းများအရ ရီးယဲလ်အသင်းက ဘာပေအား ခေါ်ယူမည့်အစီအစဉ်ကို လက်လျှော့လိုက်ပြီး ဇန်နဝါရီမှသာ ကြိုတင်သဘောတူညီမှု ရယူဖွယ်ရှိသည်ဟု သိရသော်လည်း လေ့လာသူအချို့ကမူ စျေး ကွက်မပိတ်သိမ်းသေးသည့်အတွက် စောင့်ကြည့်ရဦးမည်ဟု သုံးသပ်ခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular