spot_img

ဘာပေကို ခေါ်ယူရန် ရီးယဲလ်အား ဗယ်လ်ဒါနိုအကြံပြု

ရီးယဲလ်အသင်း၏ အထွေထွေမန်နေဂျာဟောင်း ဂျော့ချ်ဗယ်လ်ဒါနိုက ရီးယဲလ်အသင်းအနေဖြင့် PSG တိုက်စစ်မှူး ဘာပေကို ခေါ်ယူရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် ဂျော့ချ်ဗယ်လ်ဒါနိုက ရီးယဲလ်အသင်းအနေဖြင့် ဘာပေကို ခေါ်ယူရန် ကြိုးပမ်းရာတွင် ဗင်နီစီယပ်စ်ကို အသုံးပြုသင့်သည်ဟု အကြံပြုပြောကြားခဲ့သည်။

myan789

PSG အသင်းကလည်း ဗင်နီစီယပ်စ်ကို ခေါ်ယူရန် စိတ်ဝင်စားကြောင်း သတင်းထွက်ခဲ့ဖူးသည့်အတွက် ဗယ်လ်ဒါနိုက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗယ်လ်ဒါနိုက “ဘာပေကို ခေါ်ယူဖို့ ဗင်နီစီယပ်စ်ကို အသုံးပြုသင့်သလားဆိုရင် ကျွန်တော်ကတော့ Yes လို့ဖြေမှာပါ။ ဘာပေလို ကစားသမားကို ပိုင်ဆိုင်ရဖို့ ကိုယ့်အသင်းက ကစားသမားကောင်းတစ်ယောက်ကို ဆုံးရှုံးခံသင့်တယ်လို့လည်းထင်ပါတယ်”ဟု ပြောကြားခဲ့သည်။

အသက် (၂၂)နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူး ဘာပေသည် ၂၀၂၂ ခုနှစ်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သက်တမ်းတိုးရန် ကြန့်ကြာနေခြင်းကြောင်း PSG အသင်းက လာမည့်နွေရာသီတွင် ၎င်းကို ရောင်းထုတ်ဖွယ်ရှိနေသည်ဟု ဥရောပမီဒီယာများက ဖော်ပြနေကြသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular