spot_img

ဘာနေဗျူးမှာ ရီးရဲမက်ဒရစ်ကို ၀-၁ နဲ့အနိုင်ကစားလိုက်တဲ့ ဘာစီလိုနာ

ဇာဗီးရဲ့ဘာစီလိုနာအသင်းဟာ စပိန်ကိုပါဒယ်ရေးဖလား ပထမအကျော့မှာ ရီးရဲမက်ဒရစ်ကို ၀-၁ နဲ့ အဝေးကွင်းမှာ အနိုင်ရခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အခုပွဲမတိုင်မီမှာ ၂ ပွဲဆက်တိုက်ရှုံးနိမ့်ထားသလို အရေးပါတဲ့ ကစားသမားအချို့လည်းဒဏ်ရာပြဿနာရှိနေတာကြောင့် အဖြူရောင်အသင်းကို အနိုင်ရဖို့ အလားအလာမကောင်းခဲ့ပါဘူး။

ဘာနေဗျူးမှာ အနိုင်ရခဲ့တဲ့ပွဲမှာ ဘာစီလိုနာအသင်းရဲ့ ခံစစ်ကလည်း ကောင်းမွန်ခဲ့ပါတယ်။ အဝါကတ် အပြခံခဲ့ရတဲ့ ဗီနီးဆီးယပ်စ်ကို ခံစစ်မှူးအာရောဂျိုက အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဗီနီးဆီးယပ်စ်က ဘာဆာကွင်းလယ်လူ ဂါဗီနဲ့လည်း ပြဿနာတက်ခဲ့ပါသေးတယ်။ ဗီနီးဆီးယပ်စ်အနေနဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုလည်း မလုပ်နိုင်ခဲ့ပါဘူး။

myan789

ဘာစီလိုနာက ဘာနေဗျူးမှာ နောက်ဆုံးသွားကစားတဲ့ ၁၅ ပွဲမှာ ၉ ပွဲအနိုင်ရထားပါတယ်။ မနေ့ညက ပွဲမှာတော့ ရီးရဲမက်ဒရစ်အသင်းက ဘာစီလိုနာဘက်ကို ဂိုးကန်သွင်းမှုတောင် ကောင်းကောင်းမလုပ်နိုင်ဘဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ အနိုင်ရမှုဟာ အံ့ဩစရာကောင်းကြောင်း မီဒီယာတွေက ဖော်ပြပါတယ်။

ဘာစီလိုနာအသင်းမှာ လီဝမ်ဒေါ့စကီး ပက်ဒရီနဲ့ ဒမ်ဘီလီတို့ မပါဝင်ခဲ့ကြပါဘူး။ ပွဲချိန် ၂၅ မိနစ်မှာ ရီးရဲမက်ဒရစ်အသင်းသားတွေရဲ့ အမှားကနေ ဘာဆာက ဂိုးရခဲ့ပါတယ်။ ကာမာဗင်ဂါက နောက်ကိုပြန်ပေးရာမှာ ဂါဗီက ဘောလုံးကို ဖြတ်ယူလိုက်ပါတယ်။ ဂါဗီကနေ ဖရန့်ကက်ဆီကို ပေးလိုက်ပါတယ်။ ကက်ဆီကန်သွင်းတာကို ရီးရဲဂိုးသမား ကော့တွိုက်စ်က ကာကွယ်ရာမှာ မီလီတိုနဲ့ ထိမိပြီး ဂိုးဝင်သွားတာဖြစ်ပါတယ်။ မီလီတိုရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိမှုအဖြစ် မှတ်တမ်းဝင်သွားပါတယ်။

ဘာစီလိုနာနောက်တန်းကအာရောဂျိုက ရီးရဲမက်ဒရစ်တိုက်စစ်မှာ အဓိကလှုပ်ရှားနေတဲ့ဗီနီးဆီးယပ်စ်ကို ငြိမ်နေအောင် ထိန်းထားနိုင်ခဲ့သလို အဖြူရောင်အသင်းတိုက်စစ်လည်း ပထမပိုင်းမှာ အသက်မဲ့နေခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီအစမှာ အာရောဂျိုမပါဝင်နိုင်တဲ့ အယ်လ်ကလက်ဆီကို ပွဲမှာ ရီးရဲမက်ဒရစ်က ဘာစီလိုနာအသင်းကို အနိုင်ရခဲ့ပါတယ်။

ဘရာဇီးတိုက်စစ်မှူးမလှုပ်နိုင်တော့တဲ့နောက်မှာတော့ မိုဒရစ်ကန်သွင်းတာလောက်ပဲ ရီးရဲမက်ဒရစ်ဘက်က ထိုးဖောက်လာတာရှိပြီး ဘာစီလိုနာနောက်တန်းက ကောင်းကောင်းကာကွယ် နိုင်နေပါတယ်။ ပွဲပြီးဖို့ မိနစ် ၂၀ လောက်အလိုမှာ ရာဖင်ဟာရဲ့ဖြတ်တင်ဘောကို ဖာရန် တောရက်စ်က ပြေးဝင်ပိတ်တာနောက်ကျခဲ့တာကြောင့် ဘာစီလိုနာ တစ်ဂိုးနစ်နာခဲ့ရပါတယ်။

ရီးရဲမက်ဒရစ်အနေနဲ့ နောက်တစ်လမှာ ကစားမယ့် ဒုတိယအကျော့မှာခြေစွမ်းပြပြီး come back လုပ်မယ်ဆို လုပ်နိုင်ပါသေးတယ်။ ဒါပေမယ့် ပထမအကျော့ကတော့ သူတို့မျှော်လင့်ပြီး ဖြစ်စေချင်သလို ဖြစ်မသွားတာ သေချာပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular