spot_img

ဘာစီလိုနာအသင်းကိုကိုင်တွယ်ခဲ့သည့်အချိန်မှာ ကုန်လွန်ခဲ့ပြီဟု ဂွါဒီယိုလာ အတည်ပြုပြီး မန်စီးတီးအသင်းတွင် ပျော်ရွှင်နေကြောင်း ပြောကြား

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဘာစီလိုနာအသင်းကို ကိုင်တွယ်ခဲ့သည့်အချိန်မှာ ကုန်လွန်ခဲ့ပြီဖြစ်သလို မန်စီးတီးအသင်းနှင့် သက်တမ်းတိုးရန် ဆန္ဒရှိကြောင်းလည်း အတည်ပြုပြောကြားခဲ့သည်။

ဂွါဒီယိုလာနှင့် မန်စီးတီးအသင်းတို့ ၏ စာချုပ်သက်တမ်းမှာ နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီး စာချုပ်သစ် ချုပ်ဆိုရန် သဘောတူညီမှုမရသေးသလို မန်စီးတီးအသင်းမှာလည်း ရာသီအစတွင် ရုန်းကန်နေရသောကြောင့် ၎င်းနေရာတွင် အစားထိုးမည့်သူကို ရှာဖွေလျက်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

myan789

“ဒီမှာ မယုံနိုင်လောက်အောင် ကျွန်တော်ပျော်နေပါတယ်။ ဒီနေရာမှာ ပျော်ရွှင်နေတာကိုလည်း ဝမ်းသာပါတယ်။ အချိန်ကြာကြာဆက်ရှိနေခွင့်ရဖို့ ဒီရာသီမှာ အလုပ်ကောင်းကောင်းလုပ်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဘာစီလိုနာမန်နေဂျာအဖြစ် ကျွန်တော်တာဝန်ယူခဲ့တဲ့ အချိန်တွေက ပြီးသွားပါပြီ။ ကျွန်တော်တာဝန်ယူတဲ့ကာလတုန်းက အဲဒီမှာရှိနေခဲ့ပါတယ်။ အခုအချိန်မှာ ရော်နယ်လ်ကိုးမန်းရှိနေပါပြီ။ ကျွန်တော် သူ့ကိုလေးစားမှုရှိပါတယ်။ သူက ကျွန်တော့်မိတ်ဆွေပါ။ ဒီလို သတင်းတွေက တခြားလူတွေနဲ့ဆိုင်ပါတယ်” ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။

ဂွါဒီယိုလာ (၄၉ နှစ်) သည် စီနီယာအသင်းနည်းပြဘဝ ပထမဆုံးအဖြစ် ဘာစီလိုနာအသင်းကို ၂၀၀၈ မှ ၂၀၁၂ ခုနှစ်အထိ လေး ရာသီကြာ ကိုင်တွယ်ခဲ့ပြီး လာလီဂါ ချန်ပီယံ သုံးကြိမ်၊ ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်၊ ဥရောပစူပါဖလား နှစ်ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား နှစ်ကြိမ်အပါ အဝင် ဆုဖလား ၁၄ လုံးအထိ ဆွတ် ခူးရယူပေးနိုင်ခဲ့သည်။ ထို့နောက် ၂၀၁၃ မှ ၂၀၁၆ ခုနှစ် အထိ ဘိုင်ယန်မြူးနစ်အသင်းကို သုံးရာသီကြာ ထပ်မံကိုင်တွယ်ခဲ့ပြီး ဘွန်ဒစ်လီဂါချန်ပီယံ သုံးကြိမ်၊ ဂျာမန်ဖလား နှစ်ကြိမ်၊ ဥရောပစူပါ ဖလား တစ်ကြိမ်နှင့် ကလပ်ကမ္ဘာ့ဖလား တစ်ကြိမ် ရယူပေးခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းနှင့် လမ်းမခွဲခင်အချိန်မှာပင် မန်စီးတီးအသင်းကို ကိုင်တွယ်ရန် ကြိုတင်သဘော တူညီမှုရရှိခဲ့ပြီး လေးရာသီအတွင်း ပရီးမီးယားလိဂ်ချန်ပီယံ နှစ်ကြိမ်၊ FA ဖလား တစ်ကြိမ်၊ လိဂ်ဖလား သုံးကြိမ်၊ ကွန်မြူနတီဒိုင်း နှစ်ကြိမ် ဆွတ်ခူးရရှိထားသည်။ ယခုရာသီ မှာ စာချုပ်နောက်ဆုံးနှစ်ဖြစ်သလို ဂွါဒီယိုလာအနေဖြင့် နည်းပြဘဝ သက်တမ်းတစ်လျှောက် အချိန်အကြာဆုံးအဖြစ် မန်စီးတီးအသင်းကို ငါးရာသီမြောက် တာဝန်ယူကိုင်တွယ်နေခြင်းဖြစ်သည်။

ဂွါဒီယိုလာက ဘာစီလိုနာအသင်းကို ပြန်လည်ကိုင်တွယ်ရန် ငြင်းဆန်ခဲ့သော်လည်း ၎င်းနှင့် မက်ဆီတို့ ပြန်လည်ဆုံတွေ့ရန်မှာမူ ဖြစ်နိုင်ခြေရှိနေသေးကြောင်း မီဒီယာများက ခန့်မှန်းဖော်ပြလျက်ရှိသည်။ မက်ဆီသည် ရာသီကုန်တွင် ဘာစီလိုနာအသင်းနှင့် စာချုပ်ကုန်ဆုံး မည်ဖြစ်ပြီး ယခုနွေရာသီကတည်းက လမ်းခွဲရန် တောင်းဆိုခဲ့သောကြောင့် လာမည့်နှစ်တွင် အလွတ်ထွက်ခွာ ဖြစ်လျှင် မန်စီးတီးအသင်းက ခေါ်ယူရန် ရေပန်းစားနေခြင်းဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular