ဘာစီလိုနာစတား ယာမယ်လ်ရဲ့ဖခင်ဖြစ်သူ နက်စ်ရာအူရီဟာ မြောက်ဘာစီလိုနာမှာ ဓားထိုးခံခဲ့ရတယ်လို့ သိရပါတယ်။
အသက် ၃၂ နှစ်သားဟာ ကားပါကင်ရဲ့ရန်ပွဲမှာ ပါဝင်ခဲ့ပြီး ရင်ဘတ်နဲ့ နံရိုးကို ဓားနဲ့အထိုးခံခဲ့ရတယ်လို့ သိရပါတယ်။ နက်စ်ရာအူရီဟာ အဆိုပါအက်ဆီးဒင့်ဖြစ်ပွားချိန်မှာ သူ့ရဲ့သားဖြစ်သူ အင်္ကျီကိုဝတ်ဆင်ထားတာဖြစ်ပြီး လက်ရှိမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရကာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။
ဘာစီလိုနာရဲတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူက “အခုဓားထိုးမှုဖြစ်ရပ်နဲ့ပတ်သက်ပြီး သံသယရှိသူ ၃ ဦးကို ဖမ်းဆီးထားတယ်ဆိုတာ ကျွန်တော်အတည်ပြုနိုင်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေဆက်လုပ်နေဆဲပါ။ တာဝန်ရှိသူတွေက အခြေအနေတွေကို သုံးသပ်နေပါတယ်။ ဒီနေ့မှာ နောက်ထပ် ဖမ်းဆီးမှုတွေလည်း လုပ်ဆောင်မှာပါ။ ဖမ်းဆီးခံရသူတွေရဲ့အသက်နဲ့ နိုင်ငံအနေအထားကို ကျွန်တော်တို့ အသေးစိတ်တော့ မပြောနိုင်သေးပါဘူး။ ကျွန်တော်တို့ပြောနိုင်တာက အခုဓားထိုးမှုဟာ ည ၉ နာရီ ၁၀ မိနစ် ကားပါကင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး နာရီပိုင်းအတွင်းမှာ ဖမ်းဆီးရရှိခဲ့တာပါ။ ည ၁၁ နာရီမှာ ကျူးလွန်သူ ၃ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကျူးလွန်ခံရသူက ဘာစီလိုနာမှာရှိတဲ့ဆေးရုံမှာ ရောက်နေပါပြီ။ နောက်ထပ်ကျူးလွန်တဲ့သူတွေကိုလည်း ဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။ နက်စ်ရာအူရီရဲ့အခြေအနေက အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို မထိခိုက်ခဲ့တာကြောင့် အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ပါဘူး”လို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ဖြေကြားခဲ့ပါတယ်။
၄ ယောက်မြောက်သံသယရှိသူကိုလည်း ဆက်လက်စုံစမ်းနေပြီး မကြာခင်မှာ ဖမ်းဆီးရရှိဖွယ်ရှိနေပါတယ်။