spot_img

ဘာစီလိုနာဂန္ထဝင်ဟောင်း မက်ဆီရဲ့လမ်းစဉ်ကို လိုက်ခဲ့တဲ့ ရာဖင်ဟာ

သတင်းတွေအရ ဘာစီလိုနာစတား ရာဖင်ဟာတစ်ယောက် ရွှေနဲ့လုပ်ထားတဲ့ အိုင်ဖုန်းကို အသင်းဖော် ယာမဲလ်ထံပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ယာမဲလ်ဟာ ပဲရစ်မှာကျင်းပခဲ့တဲ့ဘော်လွန်းဒီအော်ဆုပေးပွဲမှာ ကိုပါဆုကိုရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါဆုဟာ ယူ – ၂၁ ရဲ့အကောင်းဆုံးကစားသမားဆုကိုပေးအပ်တာဖြစ်ပါတယ်။ အသက် ၁၇ နှစ်သာရှိသေးတဲ့ ယာမဲလ်ဟာ သမိုင်းမှတ်တိုင်တွေကို စိုက်ထူနေတာဖြစ်ပါတယ်။ လက်ရှိမှာ အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ခွင့်ရရှိနေတဲ့ ရာဖင်ဟာက ယာမဲလ်ကို ဆုချခဲ့သလို သူ့အတွက်လည်း သူ့ကိုယ်သူဆုချခဲ့တာဖြစ်ပါတယ်။

myan789

သတင်းတွေအရ ရာဖင်ဟာကိုယ်တိုင် အဆိုပါဖုန်းကို I Design Gold ကနေ မှာယူပေးခဲ့တာလို့ သိရပါတယ်။ “ရာဖင်ဟာက အသင်းဖော် ယာမဲလ်ထံ ရွှေနဲ့လုပ်ထားတဲ့အိုင်ဖုန်းတစ်လုံးဆုချခဲ့ပါတယ်။ သူတို့အတူတူလုပ်ခဲ့တာပါ။

အဲ့တာက သူတို့ကြားက သူငယ်ချင်းစိတ်ဓာတ်ကိုပြသနေပါတယ်။ ကိုပါဆုရယူနိုင်ခဲ့ပြီးနောက် ရာဖင်ဟာက ယာမဲလ်ကို ဆုချခဲ့တာပါ။ နောက်ကြောမှာလည်း ယာမဲလ်နာမည်ကို ထွင်းထားပေးခဲ့ပါတယ်။

Yamel won the trophy at the Ballon d'Or Awards held in Paris.

ယာမဲလ် နဲ့ ရာဖင်ဟာတို့ကြားမှာ အရမ်းကောင်းတဲ့ဆက်ဆံရေးရှိသလို လီဝန်ဒေါစကီးနဲ့လည်းရှိပါတယ်။ သူတို့က သူငယ်ချင်းကောင်းတွေပါ။ ကျွန်တော်တို့ အခုလိုမျိုးလုပ်ဆောင်ပေးခဲ့ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။

ကုမ္ပဏီဘက်က အခုလိုမျိုးတစ်ဦးချင်းအတွက် ဖန်တီးပေးတာတွေရှိပါတယ်။ လာမယ့်နှစ်မှာ ကျွန်တော်တို့ အရှေ့အလယ်ပိုင်း နဲ့ အမေရိကဈေးကွက်ထဲဝင်ရောက်ဖို့ စိတ်လှုပ်ရှားနေပါပြီ”လို့ I Design Gold တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ရာဖင်ဟာကတော့ မက်ဆီရဲ့လမ်းစဉ်ကို လိုက်ခဲ့တာဖြစ်ပြီး မက်ဆီဟာ အာဂျင်တီးနားအသင်းကမ္ဘာ့ဖလားရယူနိုင်ခဲ့ပြီးနောက် ကစားသမားတွေ နဲ့ နည်းပြအဖွဲ့ဝင်တွေကို ရွှေနဲ့လုပ်ထားတဲ့အိုင်ဖုန်းလက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular