spot_img

ဘာစီလိုနာ ၊ ရီးရဲ မက်ဒရစ် နဲ့ သတင်းတွေ ကို ပွင့်ပွင့်လင်းလင်း ပဲ ဖြေကြားလိုက်တဲ့ ဆာလတ်

လီဗာပူး ရဲ့ ဂိုးသွင်းစက်ကြီး မို ဆာလတ် ဟာ စပိန် ထိပ်သီး ကလပ် နှစ်ခု ဖြစ်တဲ့ ဘာစီလိုနာ ၊ ရီးရဲ မက်ဒရစ် အသင်းတွေ နဲ့ အပြောင်းအရွှေ့သတင်းတွေ မကြာခဏ ထွက်ပေါ်လေ့ရှိသူ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မက်ဒရစ် အခြေစိုက် သတင်းစာ တစ်စောင် ဖြစ်တဲ့ AS နဲ့ တွေ့ဆုံပြီး ၊ အဲဒီ သတင်းတွေ ကို အခုလိုပဲ ပွင့်ပွင့်လင်းလင်း ဖြေကြားသွားခဲ့ပါတယ်။

myan789

“ ရီးရဲ မက်ဒရစ် နဲ့ ဘာစီလိုနာ တို့က ထိပ်တန်း ကလပ်တွေပါ။ ဘောလုံးမှာ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ ဘယ်သူမှ ကြိုမသိထားဘူး ဆိုပေမယ့် လောလောဆယ် ကျနော် ကတော့ လီဗာပူး နဲ့ အတူ ချန်ပီယံလိဂ် ဖလား ၊ ပရီးမီးယားလိဂ် ဖလားတွေ ကို တစ်ပြိုင်နက် ဆွတ်ခူးဖို့ အာရုံစိုက်ထားပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ဆက်လက်ပြီး လီဗာပူး မှာ ဘယ်လောက် ကြာအောင် ဆက်နေသွားဖို့ အစီအစဉ် ရှိလဲလို့ မေးမြန်းချိန်မှာတော့ ၊ ကလပ် အသင်းဘက်က ဆန္ဒရှိတဲ့ အထိ ကစားပေးသွားမယ့် အကြောင်းကိုလဲ အခုလို ဖြေကြားသွားခဲ့ ပါတယ်။

“ အဲဒီ မေးခွန်းကို တိတိကျကျ ဖြေဖို့တော့ ခက်ပါတယ်။ ပြောနိုင်တာ တစ်ခုက ကျနော့် အနာဂတ် ကိစ္စဟာ ကလပ်ရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ ကျနော် ကတော့ အသင်းရဲ့ စံချိန်မှတ်တမ်းတွေ အားလုံးကိုတောင် ကျော်ဖြတ်ပြလိုက်ချင်တာပါ။ ဒါကြောင့် ထပ်ပြောပါရစေ ၊ ကျနော့် ရဲ့ အနာဂတ် ကိစ္စက လီဗာပူး နဲ့ ပဲ အလုံးစုံ သက်ဆိုင်နေပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

လက်ရှိ မှာတော့ ဆာလတ်ဟာ ဂျရတ် တင်ရှိထားတဲ့ လီဗာပူး ရဲ့ ချန်ပီယံ သွင်းဂိုး အများဆုံး စံချိန်ကို ကျော်ဖြတ်ကာ ၊ စံချိန်သစ် တင်ရှိထားသူပါ။ ဒါ့အပြင် ဒီရာသီမှာလဲ တတိယမြောက် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ကိုပါ ထပ်မံ ဆွတ်ခူးဖို့ အတွက် ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်မှာတော့ နည်းပြ ယာဂန် ကလော့ပ်ဟာ လူငယ် ကစားသမား အာနိုး ကို အသင်းခေါင်းဆောင် အဖြစ် တာဝန်ပေးခဲ့ပါတယ်။ အာနိုး ကိုယ်တိုင်လဲ လီဗာပူ ရဲ့ ဥရောပ ဖလား ပွဲစဉ်မှာ ဦးဆောင်ခွင့်ရတဲ့ အသက်အငယ်ဆုံး အသင်းခေါင်းဆောင် အဖြစ်ပါ မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့တာပါ။

သို့သော် မို ဆာလတ် ကတော့ အဲဒီ ပွဲမှာ သူ့ကို အသင်းခေါင်းဆောင် လုပ်ခွင့် မပေးခဲ့လို့ စိတ်ပျက်မိတဲ့ အကြောင်းကိုတော့ အခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြောဆိုသွားခဲ့ ပြန်ပါတယ်။

“ အရိုးသားဆုံး နဲ့ ပြောရရင်တော့ စိတ်ပျက်မိပါတယ်။ ကျနော် က အသင်းခေါင်းဆောင် လက်ပတ်ကို ဆင်မြန်းခွင့်ရမယ်လို့ မျှော်လင့်ချက် ထားခဲ့တာပါ။ ဒါပေမယ့် မန်နေဂျာ ရဲ့ ဆုံးဖြတ်ချက် ဆိုတော့ လက်ခံပေးရမှာပဲလေ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

လီဗာပူး ဟာ လက်ရှိ မှာတော့ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား ဦးဆောင်နေသလို ၊ ချန်ပီယံလိဂ် မှာလဲ ရှုံးထွက် အဆင့်ကို တက်ရောက် ထားနိုင်ခဲ့ပါပြီ။ အသင်းရဲ့ အဓိက ကစားသမား အများစု ဒဏ်ရာ ပြသနာတွေ ကြုံနေရပေမယ့် လူငယ် ချာတိတ်လေးတွေ က ခြေစွမ်းပြနေတာကြောင့် ၊ အသင်းလိုက် စွမ်းဆောင်ရည်က နည်းနည်းလေးမှ ကျဆင်းသွားတာမျိုး မရှိပါဘူး။

တိုက်စစ်မှုး ဖာမင်နို ကတော့ သူ့ရဲ့ အဓိက ပစ်မှတ်ဟာ ပရီးမီးယားလိဂ် ဖလားကြီး ကို ထပ်မံ ဆွတ်ခူးဖို့ အတွက် ဖြစ်တယ်လို့ ဖွင့်ဟ ထားသလို ၊ မိုဆာလတ် ကလဲ ချန်ပီယံလိဂ် ဖလား နဲ့ ပရီးမီးယားလိဂ် ဖလားကို တစ်ပြိုင်နက် ဆွတ်ခူးချင်တဲ့ အကြောင်း အခုလို ရင်ဖွင့် သွားခဲ့ ပြန်ပါတယ်။

“ ပြီးခဲ့တဲ့ နှစ် အနည်းငယ် အတွင်းမှာ ကတည်းက ကျနော်တို့ အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ခဲ့တယ် ထင်ပါတယ် ။ ပရီးမီးယားလိဂ် မှာလဲ ထိုနည်း တူစွာပါပဲ။ အဲဒီ ဖလား နှစ်လုံး စလုံးကို တစ်ပြိုင်နက် ဆွတ်ခူးနိုင်ဖို့ အတွက်တောင် အနီးစပ်ဆုံး ဖြစ်ခဲ့သေးတယ်လေ။

မနှစ် ကတော့ ချန်ပီယံလိဂ်မှာ ကံမကောင်းခဲ့ပါဘူး။ ဒါပေမယ့် ဒီနှစ်မှာ အဲဒီ ဖလား နှစ်ခုစလုံးကို ဆွတ်ခူးနိုင်ဖို့ တိုက်ပွဲဝင်သွားမှာပါ။ ဒါက ကျနော့် ရဲ့ ဒီရာသီ အပေါ် ထားတဲ့ သဘောထားပါပဲ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular