spot_img

ဘရူနိုဖာနန်ဒက်စ် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုရပါက မန်ချက်စတာယူနိုက်တက်အသင်း ပေါင်(၄.၂)သန်း ကုန်ကျမည်

ယခုနှစ်ဘောလုံးရာသီအတွက် ချီးမြှင့်မည့် ပရီးမီးယားလိဂ်အကောင်းဆုံးဘောလုံးသမားဆုကို ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ် ဆွတ်ခူးခဲ့ပါက မန်ချက်စတာယူနိုက်တက်အသင်းသည် ပေါင်(၄.၂)သန်း ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

မန်ချက်စတာယူနိုက်တက်အသင်းအသင်းသည် ၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ဘရူနိုဖာနန်ဒက်စ်ကိုခေါ်ယူခဲ့စဉ်က သူ၏ယခင်ကလပ် စပို့တင်းလစ္စဘွန်းနှင့်စာချုပ်ချုပ်ရာ၌ သဘောတူညီမှုအချို့ ပြုလုပ်ခဲ့သည်။

myan789

ယင်းသဘောတူညီချက်ထဲ၌ ဘရူနိုဖာနန်ဒက်စ်အနေဖြင့် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရလျှင်(သို့မဟုတ်) Ballon d’Or ဆုအတွက် ထိပ်ဆုံး (၃)ဦးစာရင်း၌ ပါဝင်ခဲ့လျှင် မန်ယူအသင်းက စပို့တင်းလစ္စဘွန်းအား
ပေါင်(၄ .၂)သန်းပေးရမည့်အချက် ပါဝင်ခဲ့သည်။

ဘရူနိုဖာနန်ဒက်စ် ၏ပြောင်းရွှေ့ကြေးမှာ ကနဦးတန်ဖိုး ပေါင် (၄၆.၆) သန်းမှ ပေါင်(၆၇.၈)သန်းအထိ ရောက်ရှိနိုင်ကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular