spot_img

ဘရူနို ဖာနန်ဒက်စ်ဟာ ပင်ပန်း နွမ်းနယ် နေပြီလား? ကွင်းလယ်လူ ဝေဖန်ခံနေရတဲ့အပေါ် မှတ်ချက်ပေးလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အားထား ရတဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ဘရူနို ဖာနန်ဒက်စ်ဟာ လီဗာပူး အသင်း နဲ့ ရင်ဆိုင်ခဲ့ ရတဲ့ ပွဲစဉ် တုန်းက ပုံစံကောင်း တွေကို ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရ ပေမယ့် နည်းပြ ဆိုးလ်ရှား ကတော့ သူ့ရဲ့ ကစား သမားဟာ ပင်ပန်း နွမ်းနယ် နေတာ မဟုတ်ကြောင်း တုန့်ပြန် ဖြေကြား သွားခဲ့လိုက် ပါတယ် ။

ပြီးခဲ့တဲ့ ဇန်နဝါရီ တုန်းက စပို့တင်း လစ္စဘွန်း အသင်းမှ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပေါင် 48 သန်းနဲ့ ပြောင်းရွှေ့ လာခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ဟာ အင်္ဂလန်ကို ရောက်ရှိလာတာ တစ်နှစ် နီးပါး ရှိခဲ့တဲ့ အခိုက်အတန့်မှာ အသင်းရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် 32 ပွဲလုံး ပါဝင် ကစားပေးခဲ့ပြီး 28 ကြိမ် အထိ ပွဲထွက် ကစားပေးခဲ့ရ ပါတယ် ။

myan789

အဆိုပါ အချိန် ကာလ အတွင်း ပေါ်တူဂီ လက်ရွေးစင်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် အထူး ပုံစံကောင်း တွေကို ဆက်တိုက် ဆိုသလို ပြသ ထားနိုင် ခဲ့ပြီး ပရီးမီးယားလိဂ် ရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို တစ်နှစ် အတွင်း စံချိန် တစ်ခု ဖြစ်တဲ့ လေးကြိမ် အထိ ရယူ ဆွတ်ခူး ထားနိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် ပြီးခဲ့တဲ့ တစ်ပါတ်က ယူနိုက်တက်တို့ ခါးသီး ပြိုင်ဖက် လီဗာပူး အသင်းနဲ့ ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ် ခဲ့တဲ့ ပွဲစဉ် မှာတော့ ဘရူနို ဖာနန်ဒက်စ်ဟာ အခွင့်အရေး တွေကို ဖန်တီး နိုင်ဖို့ ရုန်းကန် နေခဲ့ရ သလို လုခ်ရှောရဲ့ ဖန်တီး ပေးမှု ကိုလည်း ဂိုး အဖြစ် ပြောင်းလဲ ပေးနိုင်စွမ်း မရှိခဲ့တဲ့ အတွက် ဝေဖန်မှုတွေ ကြုံတွေ့ ခဲ့ရ ပါတယ် ။

ဒါ့အပြင် ဆိုးလ်ရှား က ပွဲစဉ် ပြီးဆုံးခါနီးမှာ သူ့ကို လူစားလဲခဲ့တဲ့ အတွက် ပေါ်တူဂီသားက ပွဲဆက်မှု ဒဏ်တွေ ခံနေရပြီလား ၊ ပင်ပန်း နွမ်းနယ် နေပြီလား ဆိုတဲ့ မေးခွန်း ထုတ်သံတွေ ထွက်ပေါ် လာခဲ့ရ ပါတယ် ။ ဒါပေမယ့် ဆိုးလ်ရှား ကတော့ သူ့ရဲ့ ကစားသမားဟာ အသင်း အတွက် ပွဲထွက် ကစားပေးဖို့ စိတ်အား ထက်သန် နေကြောင်း တုန့်ပြန် ပြောခဲ့လိုက် ပါတယ် ။

” သူ့ရဲ့ ပုံစံက အရမ်း ကောင်းနေပါတယ် ။ သူဟာ တစ်လတာ အကောင်းဆုံး ကစားသမားတောင် ဖြစ်ခဲ့သေးတယ်လေ ။ သူဟာ ပင်ပန်း နွမ်းနယ် နေတာမျိုး မဟုတ်ရပါဘူး ၊ ဒီလို ဖြစ်စရာ အကြောင်းကို မရှိပါဘူး ။ သူက ပွဲစဉ် တွေမှာ တစ်ကွင်းလုံး လှည့်ပတ် ပြေးလွှားပြီး ကစားပေးတတ်တဲ့ ကစားသမားမျိုးပါ ။ သူဟာ ပြန်လည် ကြံ့ခိုင်အောင် ၊ အားပြည့် မြန်အောင် လုပ်နိုင်တဲ့ ကစားသမားမျိုး ပါပဲ ”

” အကယ်လို့ သူဟာ ဖရီးကစ်ကို ဂိုးသွင်း နိုင်ခဲ့ရင် ၊ ဒါမှမဟုတ် လုခ်ရှော ပေးပို့ ခဲ့တာကို လေကြောင်း အပြောင်းအလဲ အနည်းငယ် ဖြစ်ပေါ်လာမှု နဲ့ အတူ ဂိုးအဖြစ်သာ ပြောင်းလဲ ပေးနိုင် ခဲ့ရင် လူတွေ အားလုံးက သူဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားပါပဲလို့ ထပ်မံ အားပေး ချီးမြှောက်ကြဦးမှာ ပါပဲ ”

” သူဟာ အသင်းကို ရောက်ရှိလာ ကတည်းက အရမ်းကို ထူးကဲခဲ့ ပါတယ် ။ သူဟာ မောပမ်း နွမ်းနယ် နေတာ မဟုတ်ပါဘူး ။ အကယ်လို့ ကျွန်တော်က မင်း အနားယူ မလား ဆိုပြီးသာ မေးလိုက်မယ် ဆိုရင် သူဟာ လုံးဝ မောပမ်း နေတာ မဟုတ်ဘူး ၊ ဒီလို ဖြစ်စရာ အကြောင်းကို မရှိဘူး ဆိုတဲ့ အဖြေကိုပဲ ပေးဆောင် သွားမှာပါ ”

” လူတွေက သူ ဂိုးသွင်းဖို့ ၊ ဖန်တီးဖို့ မျှော်လင့် နေကြပါတယ် ။ ဒါပေမယ့် တစ်ခါတလေတော့ ဆန့်ကျင်ဖက် ဖြစ်နေတတ် ပါတယ် ။ သူ့ရဲ့ ဖရီးကစ် ကန်ချက်ဆိုရင် ဝင်မယ်လို့တောင် ကျွန်တော် ထင်ခဲ့ ပါတယ် ။ သူဟာ ကောင်းမွန်တဲ့ ဘောလုံး ပေးပို့မှု အချို့ကိုလည်း လုပ်ဆောင် ပြထားနိုင်ခဲ့ပါ သေးတယ် ။ ဒါက အသင်းဖော် လူကျွံမလား ၊ မကျွံဘူးလား ဆိုတာ တွေးဖို့ ခက်ခဲတဲ့ အနေအထား ပါပဲ ”

” သူဟာ ဖန်တီးမှု တွေကို လုပ်ဆောင်ဖို့ အမြဲတမ်း နီးစပ်မှုတွေ ပိုင်ဆိုင် နေတတ်တဲ့ ကစားသမားမျိုးပါ ။ ကျွန်တော်က သူ့ကို ဒီလို ကစားစေချင်သလို သူကလည်း ကစားပေး နိုင်ခဲပါတယ် ။ သူဟာ ဖန်တီးမှု တွေကို လုပ်ပြရ ပါ့မယ် ။ သူရဲ့ ဘောလုံး အမြင် တွေကို ကွင်းထဲ ပြသဖို့ လိုအပ် ပါတယ် ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular