အာဂျင်တီးနားနည်းပြ စကာလိုနီက ဘရာဇီးလ်နှင့်ယှဉ်ပြိုင်မည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် တိုက်စစ်မှူး မက်ဆီ ပါဝင်ကစားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ သည်။
မက်ဆီသည် ဥရုဂွေးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲ၌ (၁၅)မိနစ်ခန့်သာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခဲ့သည်။
သို့သော် ၎င်း၏ တံကောက်ကြောဒဏ်ရာနှင့် ဒူးဒဏ်ရာမှာ ပျောက်ကင်းနေပြီဖြစ်သောကြောင့် ဘရာဇီးလ်နှင့်ပွဲအတွက် အနားပေးထားခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိခဲ့သည်။
PSG အသင်းနှင့် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်တို့အကြား မက်ဆီ၏ပွဲကစားချိန်နှင့်ပတ်သက်၍ သဘောတူညီမှု ရယူထားသည်ဟုလည်း သတင်းထွက်ခဲ့သည်။
ယခုအခါ စကာလိုနီက ”ဥရုဂွေးနဲ့ပွဲမှာ မိိနစ်နည်းနည်းပဲကစားတာက သူ့အတွက် အကောင်းဆုံးဖြစ်မယ်ထင်လို့ပါ။ ဘရာဇီးလ်နဲ့ပွဲမှာ သူ ကစားမယ်လို့ အတည်ပြုနိုင်ပါတယ်။ သူ ကြံ့ခိုင်မှုကောင်းမွန်ဖို့ မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။
ထို့ပြင် စကာလိုနီက ပြိုင်ဘက် ဘရာဇီးလ်နှင့်ပတ်သက်၍ ”အလွန်ခက်ခဲမယ့်ပွဲပါ။ ဘာကြောင့်လဲဆိုတော့ သူတို့က အုပ်စုကို ဦးဆောင်နေပြီး ခြေစစ်ပွဲအောင်မြင်ထားပြီးသား အသင်းဖြစ်နေတာကြောင့်ပါ။ ပြီးတော့ ဗိုလ်လုပွဲနဲ့လည်း ကွာခြားချက်တွေရှိပါတယ်။ ပရိသတ်အပြည့်နဲ့ ယှဉ်ပြိုင်ရမှာကိုလည်း ဝမ်းသာပါတယ်”ဟု ပြောကြားခဲ့သည်။