ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြရာထူးအတွက် မည်သူတစ်ဦးတစ်ယောက်နှင့်မျှ ဆွေးနွေးခြင်းမရှိကြောင်း ရီးယဲလ်အသင်းနည်းပြ အန်ဆယ်လော့တီက ထုတ်ဖော်ပြောကြားခဲ့သည်။
“ကျွန်တော် ပြောပြီးသားပါ။ ကျွန်တော့် အနာဂတ်နဲ့ပတ်သက်ပြီး စကားပြောဆိုတာမျိုး ဘာမှမရှိပါဘူး။ ဒါပေမဲ့ Deadline ကိစ္စက အဓိပ္ပာယ်မရှိဘူးလို့ပဲ ကျွန်တော် ဖြေရပါလိမ့်မယ်။ ကျွန်တော့်မှာ Deadline ဘယ်တော့မှ မရှိသလို၊ ဘယ်သူနဲ့မှလည်း စကား မပြောခဲ့ပါဘူး။ (အနားယူဖို့) မရှိသေးပါဘူး။ စောင့်ကြည့်ရအောင်ပါ။ ဘရာဇီးလ်အသင်းက ကျွန်တော့်ကို အလိုရှိနေလို့ စိတ်လှုပ်ရှားရပါတယ်။ ဒါပေမဲ့ မက်ဒရစ်နဲ့စာချုပ်ကို ကျွန်တော် လေးစားရမှာဖြစ်ပြီး သက်တမ်းပြည့်တဲ့အထိ ရှိနေချင်ပါတယ်”ဟု အန်ဆယ်လော့တီက ပြောကြားခဲ့သည်။
အန်ဆယ်လော့တီ၏ ရီးယဲလ်မက်ဒရစ်အသင်းနှင့် စာချုပ်သက်တမ်းမှာ ၂၀၂၄ ခုနှစ် ဇွန်လအထိ ဖြစ်ကြောင်းသိရသည်။