spot_img

ဘရာဇီးလ်-အာဂျင်တီးနားပွဲ ပျက်ခဲ့ရခြင်းအတွက် ဖီဖာ ပြစ်ဒဏ်များ ချမှတ်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ဘရာဇီးလ်-အာဂျင်တီးနားပွဲ ပျက်ခဲ့ရခြင်းအတွက် ပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်မှ အာဂျင်တီးနားကစားသမား(၄)ဦး ကိုဗစ်စည်းမျဉ်းချိုးဖောက်ခဲ့ခြင်းကြောင့် ပွဲရွှေ့ဆိုင်းရသည်အထိ ဖြစ်ခဲ့ရခြင်းဖြစ်ပြီး မာတီနက်ဇ်၊ ဘူအန်ဒီယာ၊ ရိုမဲရိုးနှင့် ဆယ်လ်ဆို တို့ကို (၂)ပွဲပယ်ပြစ်ဒဏ်စီ ချမှတ်ခဲ့သည်။

myan789

ထို့ပြင် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ကို ပေါင်(၄၄၀၀၀၀)၊ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကို ပေါင်(၂၀၀၀၀၀) ဒဏ်ငွေချမှတ်ခဲ့ကြောင်း သိရသည်။ ယင်းပွဲ ပြန်လည်ကစားရမည့်နေ့ရက်ကိုမူ ဖီဖာက ရွေးချယ်ရခြင်းမရှိသေးကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular