ဂန်းနား ဂန္တဝင် နောက်ခံလူဟောင်း ဆိုးလ်ကမ်းဘဲလ် က ဘန်ဝှိုက် ဟာ ထိပ်တန်း နောက်ခံလူ တစ်ဦး ဖြစ်ပေမယ့် အာဆင်နယ် အသင်း အနေနဲ့ နောက်ထပ် နောက်ခံလူ တစ်ဦး ထပ်ခေါ်ယူနိုင်မှသာ ပြည့်စုံ လုံ့လောက်လိမ့်မယ်လို့ အကြံဉာဏ် ပေးသွားခဲ့ပါတယ် ။အသက် ၂၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဘန်ဝှိုက်ဟာ ဘရိုက်တန် အသင်း ကနေ အာဆင်နယ် အသင်းကို ပေါင် သန်း ၅၀ နဲ့ ရောက်ရှိ လာတော့မှာ ဖြစ်ပြီး ၊ ဒီတစ်ပတ် ဆေးစစ်မှု အောင်မြင်မှု ပြီးဆုံးပါက အပြောင်းအရွှေ့ ကို တရားဝင် ကြေညာ သွားဖို့ ရှိနေပါတယ် ။
အင်္ဂလန် လက်ရွေးစင် နောက်ခံလူ ဘန်ဝှိုက်ဟာ ပရီးမီးယားလိဂ်မှာ ကစားတဲ့ အတွေ့အကြုံ တစ်နှစ်သာ ရှိသေးပြီး မနှစ်က ဘရိုက်တန် အတွက် ပြိုင်ပွဲစုံ ၃၆ ပွဲ ကစားပေးခဲ့ပါတယ် ။အာဆင်နယ် နဲ့ အတူ ပရီးမီးယားလိဂ် ဖလား ၂ ကြိမ် ရယူ ခဲ့ဖူးတဲ့ ဆိုးလ်ကမ်းဘဲလ် က ပြောင်းရွှေ့ကြေးကြောင့် ဘန်ဝှိုက် အပေါ် ဖိအားတွေ ကျရောက်လာနိုင်ကြောင်း နဲ့ ဘန်ဝှိုက် အပြင် ဗာရာနီကိုပါ ခေါ်သင့်တယ်လို့ ဆိုပါတယ် ။
” အာဆင်နယ် အတွက် ဒီကစားသမား ခေါ်ယူမှုက အလုပ်ဖြစ်ဖို့ လိုအပ်ပါတယ် ၊ အာဆင်နယ် ရဲ့ အနေအထားက ကစားသမား တစ်ဦး အတွက် ပေါင် သန်း ၅၀ ကို အလွယ်တကူ အသုံးပြုနိုင်တာ မဟုတ်ပါဘူး ၊ သူ့ကို သေချာပေါက် ပွဲထွက် အသုံးပြု ရမှာပါပဲ ။ “
” အပြောင်းအရွှေ့ ဖြစ်မြောက်ရင် ၊ဆေးစစ်မှု တွေ အားလုံးလည်း ကောင်းတယ်ဆို သူ့အနေနဲ့ အသင်းကို ရောက်တာနဲ့ အားကြိုးမာန်တက် ကြိုးစားပြီး ပုံစံကောင်းရရှိအောင် လုပ်ဆောင် ရမှာပါ ။ သူ့ကြောင့် သုံးထားရတဲ့ ငွေကြေး က အများကြီးပါပဲ ။ “
” အာဆင်နယ် က လာမယ့် အနာဂတ် ကို ရှေးရှု့ပြီး ကစားသမားတွေ ခေါ်နေတာပါ ၊ ဘန်ဝှိုက် က ကွင်းလယ်မှာကော ခံစစ်အစွန်မှာပါ ကစားနိုင်စွမ်း ရှိပါတယ် ။ ပေါင် သန်း ၅၀ တောင်ဆိုတော့ သူ့အနေနဲ့ သူကစားတဲ့ နေရာမှာ ဆရာတစ်ဆူ ဖြစ်နေဖို့တော့ လိုပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
ဆက်လက်ပြီး ကမ်းဘဲလ် က ” ကျွန်တော် သူ့အကြောင်း သိပ်အများကြီးတော့ မသိပါဘူး ၊ အင်္ဂလန်လက်ရွေးစင် အသင်းမှာပါတေ့ာ ထိပ်တန်း ကစားသမား တစ်ဦးဆိုတာ အသေအချာပါပဲ ။ “
” ဘန်ဝှိုက် တစ်ယောက် အာဆင်နယ်မှာ အသားကျဖို့ မျှော်လင့်ပါတယ် ၊ ဒါပေမယ့် အောင်မြင်မှုတွေ ချက်ချင်း လိုချင်တယ်ဆိုရင်တော့ ဘန်ဝှိုက် ကို လည်း ခေါ်ရမှာ ဖြစ်သလို ဗာရာနီ ကို ခေါ် သင့်ပါတယ် ၊နှစ်ဦးစလုံးကို ခေါ်သင့်ပါတယ် ။ “လို့ ဆိုပါတယ် ။