လေးနှစ်ကြာ စုံစမ်းစစ်ဆေးပြီးနောက် ပရီးမီးယားလိဂ်သည် ၎င်း၏ဘဏ္ဍာရေးစည်းမျဉ်းများကို ချိုးဖောက်မှု ၁၀၀ ကျော်ဖြင့် မန်စီးတီးအသင်းအား စွဲချက်တင်လိုက်ပြီ ဖြစ်သည်။ ပရီးမီးယားလိဂ်သည် မန်စီးတီးအား ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း စည်းမျဥ်းစည်းကမ်းချိုးဖောက်မှုများနှင့် ပတ်သက်၍ သီးခြားလွတ်လပ်သောကော်မရှင်သို့ လွှဲပြောင်းပေးလိုက်ကြောင်းလည်း သိရသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် စုံစမ်းစစ်ဆေးမှုစတင်ကတည်းက စီးတီးသည် ပူးပေါင်းဆောင်ရွက်ခြင်းမရှိဟုလည်း ပရီးမီးယားလိဂ်က စွပ်စွဲခဲ့သည်။ စွဲချက်တွေကြောင့် သူတို့ အံ့အားသင့်ခဲ့ရပြီး ငြင်းဆို၍မရနိုင်သော အထောက်အထားအစုတစ်ခုက သူတို့အား သက်သေခံနေသည်ဟု စီးတီးက ထုတ် ပြန်ခဲ့သည်။
အဆိုပါကော်မရှင်သည် ဒဏ်ငွေ၊ အမှတ်ဖြတ်ခြင်းနှင့် ပရီးမီးယားလိဂ်မှ ထုတ်ပယ်ခြင်းစသည့် ပြစ်ဒဏ်များ ချမှတ်နိုင်သည်။
“အထူးသဖြင့် EPL ကို ပေးအပ်ထားသော ကျယ်ကျယ်ပြန့်ပြန့် ဆက်စပ်ပတ်သက်မှုနှင့် အသေးစိတ်အချက်အလက် အများအပြားများကို ထောက်ရှုပါက ပရီးမီးယားလိဂ် စည်းမျဥ်းများကို ချိုးဖောက်သည်ဟု စွပ်စွဲခံထားရ ခြင်းကြောင့် မန်စီးတီးအသင်းအနေဖြင့် အံ့သြမိပါသည်” ဟု စီးတီးက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဤကိစ္စအား လွတ်လပ်သည့်ကော်မရှင်က ဘက်မလိုက်ဘဲ ထည့်သွင်းစဉ်းစားဖို့ရာ ပြန်လည်သုံးသပ်မည်ကို အသင်း၏ရပ်တည်ချက်ကို ထောက်ခံသော ငြင်းဆို၍မရနိုင်သည့် အထောက်အထားတွေရှိသော အသင်းအနေဖြင့် ကြိုဆိုပါသည်။”
“ထို့ကြောင့် ဤကိစ္စကို မစဥ်းစားရတော့ရန် ကျွန်တော်တို့ မျှော်လင့်နေပါသည်။” ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ မန်စီးတီးသည် Abu Dhabi United Group က သိမ်းပိုက်ခဲ့သည့် ၂၀ဝ၈ ခုနှစ်ကတည်းက ပရီးမီးယားလိဂ်ဖလားကို ပြီးခဲ့သည့်ရာသီက ဆဋ္ဌမမြောက် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည်။
မန်စီးတီးအသင်းသည် အသင်း၏ဘဏ္ဍာရေးဆိုင်ရာ အနေအထားကို စစ်မှန်၍ တရားမျှတသောအမြင် ပေးသည့် တိကျမှန်ကန်သောဘဏ္ဍာရေးအချက်အလက်များ ပေးဆောင်ရန် တောင်းဆိုထားသည့် စည်းမျဉ်းများကို ချိုးဖောက်ခဲ့ကြောင်း ပရီးမီးယားလိဂ်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဤအချက်အလက်သည် စပွန်ဆာဝင်ငွေနှင့် လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်များ အပါအဝင် အသင်းဝင်ငွေကို အကျုံးဝင်ပါသည်။
နောက်ထပ်စွပ်စွဲခံရသော ချိုးဖောက်မှုများမှာ မန်နေဂျာ လစာငွေ အသေးစိတ် အချက်အလက် အပြည့်အစုံ လိုအပ်သော စည်းမျဥ်းများနှင့်သက်ဆိုင်ပါသည် – ရောဘတ်တို မန်စီနီ တာဝန်ယူခဲ့သည့် ၂၀၀၉-၁၀ မှ ၂၀၁၂-၁၃ ရာသီများအကြား နှင့် ၂၀၁၀-၁၁ နှင့် ၂၀၁၅-၁၆ ကြား ကစားသမား လစာများ ၊

မန်စီးတီးအသင်းသည် ၂၀၁၃-၁၄ မှ ၂၀၁၇-၁၈ ခုနှစ်အထိ Financial Fair Play (FFP) အပါအဝင် UEFA စည်းမျဉ်းများနှင့် ပတ်သက်သည့် စည်းမျဉ်းများကို ချိုးဖောက်ခဲ့ကြောင်း၊ အမြတ်အစွန်းနှင့် ၂၀၁၅-၁၆ မှ ၂၀၁၇-၁၈ ခုနှစ်အထိ ပရီးမီးယားလိဂ်စည်းမျဉ်းများကို ချိုးဖောက်ခဲ့ကြောင်း ပရီးမီးယားလိဂ်က ထုတ်ပြန်ခဲ့သည်။
၂၀၂၀ ပြည့်နှစ်တွင် ဥရောပဘောလုံးအဖွဲ့ချုပ် UEFA က မန်စီးတီးသည် ၂၀၁၂ မှ ၂၀၁၆ ခုနှစ်အတွင်း FFP စည်းမျဉ်းများကို ပြင်းထန်စွာချိုးဖောက်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့သည်။
သို့သော် ထိုနှစ်နှောင်းပိုင်းတွင် အားကစားဆိုင်ရာ အနုညာတစီရင်ဆုံးဖြတ်မှု (Cas) မှ ဥရောပပြိုင်ပွဲများမှ နှစ်နှစ်ပိတ်ပင်မှုကို ပယ်ဖျက်ခဲ့သည်။
မန်စီးတီးသည် အသင်းစပွန်ဆာစာချုပ်၏တန်ဖိုးကို မြင့်တက်စေခဲ့သည်ဟု စွပ်စွဲထားသည့် ပေါက်ကြားလာသောစာရွက်စာတမ်းများကို ၂၀၁၈ ခုနှစ်နိုဝင်ဘာလတွင် ဂျာမန်သတင်းစာ Der Spiegel က ဖော်ပြခဲ့ပြီးနောက် UEFA မှ မန်စီးတီးကို စုံစမ်းစစ်ဆေးမှုစတင်ခဲ့သည်။
Murray Rosen KC မှ ဥက္ကဌအဖြစ် တာဝန်ယူထားသည့် အဆိုပါကော်မရှင်၏ လုပ်ငန်းစဉ်များကို လျှို့ဝှက်ထားပြီး သီးသန့် ကြားနာမည်ဖြစ်သည်။
ပရီးမီးယားလိဂ်မှ စုံစမ်းစစ်ဆေးမှု စတင်ခဲ့ချိန်တွင် မန်စီးတီးက အဆိုပါစွပ်စွဲချက်များသည် “လုံးဝမှားယွင်းသည်” နှင့် Der Spiegel ရှိစွပ်စွဲချက်များသည် “တရားမ၀င် ဟက်ကာနှင့် စီးတီးအီးမေးလ်များကို ပြင်ပသို့ ထုတ်ဝေခြင်း” မှ လာသည်ဟု ဆိုခဲ့ကြောင်း သိရသည်။