spot_img

ဗိုင်းရပ် ကူးစက်မှုတွေ ဆက်တိုက် ခံစားနေရလို့ ၊ အက်စ်တွန်ဗီလာ နဲ့ ကစားမယ့်ပွဲကို ဖျက်သိမ်းပေးဖို့ တောင်းဆိုသွားမယ့် နယူးကာဆယ်

နယူးကာဆယ် အသင်းဟာ ဗိုင်းရပ် ကူးစက်မှု ဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေရတာကြောင့် ဒီတစ်ပတ် သောကြာနေ့မှာ ကစားမယ့် အက်စ်တွန် ဗီလာ နဲ့ ပွဲစဉ်ကို ရက်ရွေ့ပေးဖို့ တောင်းဆိုသွားတော့မှာ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ နယူးကာဆယ် အသင်းမှာ ကစားသမား 10 ဦးထက် မနည်း ဗိုင်းရပ် ကူးစက်ခံထားရတယ်လို့ သိရပါတယ်။

သတင်းတွေ မှာတော့ နယူးကာဆယ် အနေနဲ့ အခုလို ကူးစက်ခံရမှု ရုတ်တရက် မြင့်တက်သွားတာကြောင့် ၊ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေဟာ အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ယာယီ ပိတ်ခိုင်းထားတယ်လို့ ဆိုပါတယ်။

myan789

နယူးကာဆယ် ဟာ အက်စ်တွန်ဗီလာ နဲ့ အဝေးကွင်း ပွဲစဉ်ကို ဖျက်သိမ်း ရွေ့ဆိုင်းပေးဖို့ တရားဝင်တော့ မတောင်းဆိုရသေးပါဘူး။ သို့သော် သူတို့ဟာ လက်ရှိ ရင်ဆိုင်နေရတဲ့ အနေအထားတွေ နဲ့ ပတ်သက်ပြီး ဒေသတွင်း တာဝန်ရှိသူတွေ ၊ နယူးကာဆယ် ကောင်စီ နဲ့ အစိုးရ တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံလျှက် ရှိနေပြီး ၊ ဘယ်လို ရင်ဆိုင် ဖြေရှင်းသွားရင် အကောင်းဆုံး ဖြစ်မလဲ ဆိုတဲ့ အကြံညဏ်တွေကို တောင်းခံလျှက် ရှိနေပါတယ်။

တစ်ဖက်မှာ ပရီးမီးယားလိဂ် ကလဲ ပွဲကို ရွေ့ဆိုင်းပေးဖို့ သဘောတူ မလား ၊ မတူမလား ဆိုတဲ့ အချက်ကိုလဲ တိတိကျကျ သိရှိရခြင်း မရှိသေးပါဘူး။

လက်ရှိ အချိန်ထိတော့ ဗီလာ နဲ့ ပွဲစဉ်ဟာ ကစားမယ့် အစီအစဉ်တွေထဲမှာ ရှိနေဆဲပါ။

သို့သော် ပရီးမီးယားလိဂ် အနေနဲ့ ကစားသမားတွေ အကြား ဗိုင်းရပ် ပံျ့နှံ့နေမှုကို ထည့်သွင်း စဉ်စားစရာလဲ ရှိနေသေးသလို ၊ ဘာမင်ဂမ် အထိ ခရီးသွားရမယ့် အကြောင်းအရာလဲ ရှိနေသေးတာကြောင့် ဘယ်လို ဆုံးဖြတ်ချက်တွေ ထွက်ပေါ်လာမလဲ ဆိုတာ ဆက်ပြီး စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

နယူးကာဆယ် ဘက်ကလဲ ဘာလေ့ကျင့် ပြင်ဆင်မှုမှ မရှိသေးပဲနဲ့ ပွဲကစားရမယ့် အနေအထား အပေါ် စိုးရိမ်နေသလို ၊ ကစားသမား စာရင်းကလဲ အရမ်းကို နည်းပါးနေတဲ့ အချက်ကိုလဲ စိုးရိမ်လျှက် ရှိနေပါတယ်။

Telegraph သတင်းရဲ့ ဖော်ပြချက် အရတော့ ကစားသမားတွေ ကနေ တဆင့် ထိတွေ့ခဲ့တဲ့ မိသားစု ဝင်တွေပါ ကူးစက်ခံထားရတယ်လို့ သိရပြီး ၊ ကလပ် အသင်းတစ်ခုလုံး စိုးရိမ်စိတ်တွေ ဖြစ်နေကြတယ်လို့ သိရပါတယ်။

လက်ရှိ အချိန်ထိတော့ နယူးကာဆယ် လေ့ကျင့်ရေးကွင်းကို ပိတ်ထားဆဲပါ။ အပြီးသတ် ဆုံးဖြတ်ချက်ဟာ မနက်ဖြန် မနက်ပိုင်းမှာ ပေါ်ထွက်လာဖွယ်ရှိနေပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular