ဂန်းနား ဂန္တဝင် နောက်ခံလူ တစ်ဦး ဖြစ်တဲ့ တိုနီအဒမ် ဟာ မနေ့က ကစားခဲ့တဲ့ နော့တင်ဟမ် ဖောရက်စ် နဲ့ ပွဲက အာဆင်နယ် နည်းပြ အာတီတာ ရဲ့ လူထုတ်ပုံ ကို မေးခွန်းထုတ် ဝေဖန် သွားခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ဖောရက်စ် ကို တစ်ဂိုး ဂိုးမရှိ ရှုံးနိမ့် သွားခဲ့တာကြောင့် ချန်ပီယံ အိပ်မက် လုံးဝ အဆုံးသတ် သွားခဲ့ပြီး မန်စီးတီး အသင်း ၃ နှစ်ဆက်ချန်ပီယံ ဖြစ်သွားခဲ့ပါတယ် ။
အာဆင်နယ် နည်းပြ အာတီတာ ဟာ ဇင်ချန်ကို ၊ ဆလီဘာ တို့ မကစား နိုင်တာကြောင့် နောက်တန်းကို အပြောင်းအလဲ လုပ်ခဲ့ပြီး ပါတေး ကို ညာနောက်ခံလူ ၊ ခီဝီယော က ဘယ်နောက်ခံလူ အဖြစ် ထားကစားခဲ့တာပါ ။ဖောရက်စ် အသင်းရဲ့ တစ်ဂိုးထဲသော သွင်းဂိုးဟာ အော်ဒီဂတ် ရဲ့ ဘောလုံး ဆုံးရှုံးမှု ကနေ ပေးလိုက်ရတာ ဖြစ်ပေမယ့် တိုနီအဒမ် က အာတီတာ ရဲ့ လူထုတ်ပုံနဲ့လည်း သက်ဆိုင်တယ်လို့ ဝေဖန် သွားခဲ့ပါတယ် ။
” ဂါဘရီရယ် ရဲ့ ဖျက်ထုတ်မှု က ကံမကောင်းသွားဘူးပဲ ဆိုရမှာပေါ့ဗျာ ၊ ဒါပေမယ့် fullback နှစ်ယောက်စလုံးက out of the game ဖြစ်နေခဲ့ပါတယ် ၊ အာတီတာ က ပါတေး နှင့် ခီဝီယော တို့ကို ပွဲထုတ် ခဲ့ပါတယ် ၊ အဲ့ဒီဂိုးမှာ သူတို့ နှစ်ယောက်စလုံး ရှိမနေကြပါဘူး ၊ နှစ်ယောက်-နှစ်ယောက် ဖြစ်နေတာပါ ၊ အမှန်တကယ်က သုံးယောက် – နှစ်ယောက် အနေအထား အထိ ဖြစ်နေတာပေါ့ဗျာ ။ ”
“ဖောရက်စ် က အာဆင်နယ် အသင်း အမှားလုပ်မှာကို စောင့်ဆိုင်းပြီး တန်ပြန် တိုက်စစ်ဆင် သွားခဲ့တာပါ ၊ အော်ဒီဂါ ရဲ့ ပေးပို့မှု က လျော့တိလျော့ရဲ နိုင်လွန်းပါတယ် ၊ ဖောရက်စ် ကို အဲ့ဒါကို သေချာ စောင့်ဆိုင်းပြီး တိုက်စစ်ဆင် ကစားသွားခဲ့တာပါ ။ ဒီနေ့ လူထုတ်ပုံကို ကျနော် အတော်လေး စိတ်ပျက် မိတာပါ ၊ ဘန်ဝှိုက် က ညာခြမ်းမှာ ဆာကာ နဲ့ တွဲပီး တစ်ရာသီလုံး ခြေစွမ်းပြ ကစားနေတာကိုဗျာ ၊ အဲ့တာကို ပါတေး ကို ညာခြမ်းမှာ ထားကစားပြီး တီယာနေး ကို အရန်ခုံ ပို့ထားပါတယ် ။ ”
” အာတီတာ ဘာလုပ်ဖို့ ကြိုးစား နေတာလဲ ၊ အာတီတာ က လာမယ့် ရာသီမှာ ပါတေး ကို ညာနောက်ခံလူ ၊ ဘန်ဝှိုက် ကို ဗဟို ခံစစ်မှူး အဖြစ် ထားကစားဖို့ လုပ်နေတာလား ၊ ခီဝီယော က ရော ဘယ်နောက်ခံလူမှ ဟုတ်ရဲ့လား ၊ အရိုးသားဆုံး ပြောရရင် သူဘာကြောင့် ဒီလို လူထုတ်သလဲ ကျနော် နားမလည် နိုင်ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။