ဘရိုက်တန်ကိုအရေးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်တို့ ဖူလ်ဟမ်ကွင်းမှာ ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပြီး ၁-၀ နဲ့ နိုင်ပွဲပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။ မာတီနက်ဇ်ရဲ့နောက်ကျသွင်းဂိုးနဲ့အတူ ယူနိုက်တက်တို့ နိုင်ပွဲပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။အဆိုပါနိုင်ပွဲဟာ ယူနိုက်တက်တို့အတွက် အရေးပါခဲ့ပြီး အဆင့် ၁၂ နေရာကို တက်ရောက်နိုင်ခဲ့ပါတယ်။
တနင်္လာနေ့မှာ အသက် ၄၀ ပြည့်မယ့် အာမိုရင်ကို ဂုဏ်ပြုဖို့အတွက် ယူနိုက်တက်အသင်းသားတွေက လေ့ကျင့်ခန်းမဆင်းပဲ နားရက်တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အာမိုရင်က ငြင်းဆန်ခဲ့ပြီး အဆိုပါတနင်္လာနေ့မှာ လေ့ကျင့်ခန်းဆင်းရင်း အချိန်ကုန်ဆုံးချင်နေပါတယ်။ မန်ယူတီဗွီနဲ့အင်တာဗျူးမှာ ပေါ်တူဂီသားက “သူတို့က မနက်ဖြန်နားရက်ရဖို့ တောင်းဆိုခဲ့ကြပါတယ်။ ကျွန်တော် မပေးခဲ့ပါဘူး။ ကျွန်တော်တို့ လေ့ကျင့်ခန်းဆင်းမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော့်မွေးနေ့မှာ ကစားခွင့်မရတဲ့သူတွေနဲ့အတူ ကုန်ဆုံးချင်လို့ပါ။ အဲ့တာက တကယ့်အံ့ဖွယ်ပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အနိုင်ရခဲ့ပါတယ်။ အဲ့နောက် ကျွန်တော့်ကလေးတွေနဲ့အတူ ညစာစားပါမယ်”လို့ အာမိုရင်က ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်ကြာသပတေးနေ့ယူရိုပါလိဂ်ပွဲမတိုင်ခင် FCSB နဲ့ပွဲမတိုင်ခင် လေ့ကျင့်ခန်းဆင်းဖို့ ၃ ရက်သာ ကျန်တော့တာဖြစ်ပါတယ်။