spot_img

ဖူလ်ဟမ်ကို အနိုင်ရရှိခဲ့ပြီးနောက် ရိုဒရီနဲ့ပတ်သက်ပြီး ဝန်ခံမှုပြုလုပ်လိုက်တဲ့ မန်စီးတီးစတား

ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ အီသီဟက်မှာ ယူနိုက်တက်ကစားသမားဟောင်း ပါရဲယားရဲ့ သွင်းဂိုးကြောင့် ဖူလ်ဟမ်ရဲ့ ၁-၀ ဂိုးဖြင့် ဦးဆောင်ခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။

ကိုဗာဆစ်ရဲ့ သွင်းဂိုး ၂ ဂိုး၊ ဒိုကူရဲ့ တတိယမြောက်ဂိုးတို့ကြောင့် မန်စီးတီးဟာ ပွဲကို ထိန်းချုပ်လာနိုင်ခဲ့သော်လည်း ရိုဒရီဂို မူနီဇ်က ဖူလ်ဟမ်အတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

myan789

နောက်ဆုံးမှာ မန်စီးတီးက နိုင်ပွဲရရှိအောင် ကစားနိုင်ခဲ့သော်လည်း ဂွါဒီယိုလာရဲ့အသင်းဟာ ရိုဒရီကို ဆုံးရှုံးလိုက်ရတာက ဆိုးရွားပါတယ်လို့ ကိုဗာဆစ်က ဝန်ခံလိုက်ပါတယ်။

“ကျွန်တော်ဟာ ကွင်းလယ် ၃ ဦးကစားကွက်မှာ ကစားခဲ့ပြီး ကျွန်တော်တို့အနေနဲ့ ရိုဒရီရဲ့နေရာကို ကာမိစေဖို့ လိုအပ်နေပါတယ်။ သူ့ကို ကျွန်တော်တို့ လွမ်းနေမိပါတယ်”

“ဘယ်အသင်းပဲဖြစ်ဖြစ် သူ့ကို လွမ်းနေမှာပါ။ သူက အဲ့ဒီလို ကစားသမားမျိုးဖြစ်ပါတယ်။ သူ မြန်မြန်ပြန်ကောင်းလာဖို့ ဆုဆောင်းပေးပြီး အကောင်းဆုံးပုံစံနဲ့ပြန်လာဖို့အတွက် မျှော်လင့်မိပါတယ်”

“အခုတော့ ကျွန်တော်တို့အသားကျအောင်လုပ်ရမှာဖြစ်ပြီး နည်းပြမှာလည်း ရွေးချယ်စရာတွေရှိနေတဲ့အတွက် ကျွန်တော်တို့က အလှည့်ကျကစားနိုင်မှာဖြစ်ပါတယ်” လို့ ကိုဗာဆစ်က Premier League Production သို့ ပြောပါတယ်။

ပွဲအပြီးမှာ ရိုဒရီ မပါဝင်နိုင်မှုအပေါ် မန်စီးတီးနည်းပြက မေးခွန်းထုတ်ခံခဲ့ရပြီး “လက်ရှိမှာတော့ ကျွန်တော်တို့က သူ့ကို ထည့်မသုံးနိုင်သေးပါဘူး ဒါကြောင့် ဖြေကိုရှာရမှာဖြစ်ပါတယ်”

Etihad thanks to a goal from former United player Paris Saint-Germain.

“ကျွန်တော်တို့မှာ ကိုဗာ၊ ဂန်ဒိုနဲ့ စတုန်းကိုလည်း အဲ့ဒီနေရာမှာ ထားကစားဖို့ ရွေးချယ်နိုင်ပါတယ်။ ရီကိုနဲ့ မန်နူတို့လည်း ရှိနေတာကြောင့် ကျွန်တော်တို့အဖြေကို ရှာရမှာဖြစ်ပါတယ်”

“ရိုဒရီရဲ့ ပါဝင်မှုဟာ ဒီလိုပွဲမျိုးမှာ အရမ်းကိုအရေးကြီးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကောင်းကောင်းကြီး ကစားနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

ဖူလ်ဟမ်ကို အရမ်းကောင်းတဲ့အသင်းလို့ ဂွါဒီယိုလာက ချီးကျူးခဲ့ပြီး မန်စီးတီးရဲ့ပြိုင်ဘက် အာဆင်နယ်ကနေ ခေါ်ယူထားတဲ့ ကစားသမား ၂ ဦးကို ကိုးကားပြီး ပြောကြားခဲ့ပါတယ်။

“သူတို့က တကယ်ကိုကောင်းတဲ့အသင်းပါ။ မာကိုက ဒီမှာ နှစ်ပေါင်း ကြာမြင့်နေပြီဖြစ်တဲ့ ထိပ်တန်းနည်းပြတစ်ဦးဖြစ်ပါတယ်”

“သူတို့မှာ ဒီနွေရာသီတွင် ခေါ်ယူအားဖြည့်ထားတဲ့ ကစားသမားတွေရှိနေပါတယ်။ အာဆင်နယ်က ကစားသမားတွေဖြစ်တဲ့ စမစ်ရိုဝီနဲ့ အန်ကီတီယာတို့ဖြစ်ပြီး သူတို့မှာ အရည်အချင်းများစွာရှိပါတယ်” လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular