နယူးကာဆယ်အသင်းကို ပိုင်ဆိုင်ထားသည့် Public Investment Fund (PIF) က ဝယ်ယူမည်ဆိုသည့် သတင်းများအား ဖီအိုရင်တီးနားဒါရိုက်တာ ဂျိုးလ်ဘာရုန်း က ငြင်းဆန်ခဲ့ကြောင်းသိရသည်။
“ကျွန်တော်တို့က ဖီအိုရင်တီးနားကို မရောင်းချချင်ပါဘူး။ လက်ရှိအချိန်မှာ စီးရီးအေကိုပဲ အာရုံစိုက်ထားပါတယ်။ ကျွန်တော်တို့အသင်းရဲ့ အနာဂတ် အောင်မြင်မှုတွေပဲ အာရုံစိုက်ထားပါတယ်။ ကျွန်တော်တို့ အသင်းက ပရိသတ်တွေရဲ့ အားပေးမှုနဲ့အတူ ဆက်လက်ချီတက်နေပြီး သူတို့ကအသင်းအတွက် အသည်းနှလုံးတွေပါ” ဟု ဂျိုးလ်ဘာရုန်းက ပြောကြားခဲ့သည်။
ဖီအိုရင်တီး နားအသင်းကို လက်ရှိအချိန်တွင် အမေရိကန်လူမျိုး ကော့မစ်ဆိုက ပိုင်ဆိုင်ထားပြီး ၎င်းလက်ထက်၌ တိုးတက်မှုများ ရှိလာသည့်အပြင် ကစားသမားသစ်အချို့လည်း ခေါ်ယူပေးထားကာ ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိရန် ရည်မှန်းချက်ထားကြိုးပမ်းနေကြောင်း သိရသည်။