spot_img

ဖီအိုရင်တီးနားနှင့် လမ်းခွဲခဲ့သည့် ဂတ်တူဆိုဘက်သို့ စပါးအသင်း ဦးလှည့်

စပါးအသင်းသည် ဖီအိုရင်တီးနားအသင်းနှင့် လမ်းခွဲခဲ့သည့် အီတလီနည်းပြ ဂတ်တူဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ချိန်ရွယ်လာပြန်ကြောင်း ဥရောပမီဒီယာများစွာက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။

စပါးအသင်းသည် မော်ရင်ဟိုနှင့် လမ်းခွဲပြီးနောက် နည်းပြသစ်ခန့်အပ်ရန် ရှာဖွေလျက်ရှိရာ ယခုအချိိန်အထိ အပြီးသတ်နိုင်ခြင်းမရှိသေးဘဲ နည်းပြများစွာနှင့် ဆွေးနွေးညှိနှိုင်းမှုများမှာလည်း အဆင်မပြေဖြစ်ခဲ့သည်။

myan789

သတင်းများအရ နည်းပြသစ်များ၏ တောင်းဆိုမှုကို စပါးအသင်းတာဝန်ရှိသူများက လိုက်လျောနိုင်ခြင်းမရှိသောကြောင့် နည်းပြသစ်ရှာပုံတော် အဆုံးမသတ်သေးခြင်းဖြစ်ကြောင်းလည်း သိရသည်။

စပါးအသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက ရိုးမားနည်းပြဟောင်း ဖွန်ဆီကာကို ခန့်အပ်နိုင်တော့မည်ဟု သတင်းထွက်ခဲ့သော်လည်း ယခုအခါ ပျက်ပြယ်သွားခဲ့ရပြန်ပြီး ဖီအိုရင်တီးနားအသင်းနှင့်လမ်းခွဲခဲ့သည့် ဂတ်တူဆိုဘက်သို့ ဦးလှည့်လာကြောင်း သိရသည်။

ဂတ်တူဆိုသည် ဖီအိုရင်တီးနားနည်းပြအဖြစ် ခန့်အပ်ခံရပြီး (၂၃)ရက်အကြာတွင်ပင် ပြန်လည်လမ်းခွဲခဲ့ခြင်းဖြစ်သည်။

စပါးအသင်း၏ အားကစားဒါရိုက်တာသစ် ပက်ထရီချီသည် ဂျူဗင်တပ်စ်အသင်းတွင် ရှိစဉ်ကတည်းက ဂတ်တူဆိုကို နည်းပြအဖြစ် ခန့် အပ်ရန် ဆန္ဒရှိခဲ့သူဖြစ်ကြောင်း သိရသည်

ထို့ကြောင့် လက်ရှိအချိန်တွင် ဂတ်တူဆိုသည် စပါးနည်းပြဖြစ်လာရန် ရေပန်းအစားဆုံး ဖြစ်လာခဲ့ကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular