spot_img

ဖီဖာကလပ်ကမ္ဘာ့ဖလားရပြီးနောက် မန်စီးတီးတွင် မိမိ၏အလုပ်ပြီးဆုံးပြီဟု ခံစားရသော်လည်း သမိုင်းသစ်ထပ်ရေးသွားမည်ဟု ဂွါဒီယိုလာ ဆို

မန်စီးတီးနည်းပြ ဂွါဒီယိုလာက  ဖီဖာကလပ်ကမ္ဘာ့ဖလားရပြီးနောက် မိမိ၏အလုပ်မှာ ပြီးဆုံးပြီဟု ခံစားရသော်လည်း အသင်းအတွက် သမိုင်းသစ်ထပ်ရေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ဖီဖာကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဖလူမင်နန်ဆီအသင်းကို အနိုင်ရပြီး ချန်ပီယံဆု ရရှိပြီးနောက် နည်းပြ ဂွါဒီယို လာလက်ထက်၌ ယှဉ်ပြိုင်သည့် ပြိုင် ပွဲတိုင်းတွင် ချန်ပီယံဆု ရယူနိုင်ခဲ့ သည်။

myan789

ဂွါဒီယိုလာသည် မန်စီးတီးအသင်းကို ၂၀၁၆ ဇူလိုင် (၁)ရက်တွင် စတင်ကိုင်တွယ်ခဲ့ပြီး အသင်းကို ပရီးမီးယားလိဂ် (၅)ကြိမ်၊ FA ဖလား (၂) ကြိမ်၊ လိဂ်ဖလား (၄)ကြိမ်၊ ကွန်မြူနတီဒိုင်း (၂)ကြိမ်၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနှင့် ဖီဖာကလပ်ကမ္ဘာ့ဖလားများကို ရယူပေးထားနိုင်ခဲ့သည်။

ထို့ကြောင့် ဂွါဒီယိုလာက မန်စီးတီးအသင်းတွင် မိမိ၏အလုပ်ပြီးဆုံးသွားပြီဟု ခံစားရကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဂွါဒီယိုလာက “ကျွန်တော့်ရဲ့ အလုပ်က ပြီးဆုံးသွားပြီလို့ ခံစားရပါတယ်။ ချန်ပီယံလိဂ်ရပြီးနောက်မှာ ကျွန်တော်တို့အနေနဲ့ ဥရောပစူပါဖလား မရသေးဘူး။ ဖီဖာကလပ်ကမ္ဘာ့ဖလား မရသေးဘူးလို့ တွေးနေမိပါတယ်။ အခုတော့ ကျွန်တော် အားလုံးကို ပိုင်ဆိုင်နိုင်ခဲ့ပါပြီ” ဟု ပြောကြားခဲ့သည်။

သို့သော် ဂွါဒီယိုလာက မိမိအနေဖြင့် သမိုင်းထပ်ရေးရန်အသင့်ရှိနေပြီး အသင်းနှင့်သမိုင်းသစ်ထပ်ရေးရန် စာအုပ်သစ်ထပ်ဝယ်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular