မန်ယူအသင်း၏ နောက်ခံလူသစ် လီဆန်ဒရိုမာတီနက်ဇ်က မိမိအနေဖြင့် အသင်းအတွက် ပွဲတိုင်း၊ လေ့ကျင့်ရေးအစီအစဉ်တိုင်းတွင် (၁၀၀%)ပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။
အသက် (၂၄)နှစ်အရွယ် အာဂျင်တီးနားလက်ရွေးစင်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်သည် အေဂျက်စ်အသင်းမှ မန်ယူအသင်းသို့ ကနဦးပြောင်းရွှေ့ကြေး ပေါင် (၄၆.၈) သန်း(Add-ons ကြေး ပေါင် ၈.၅ သန်း)ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
ဇူလိုင်(၂၇)တွင် မန်ယူအသင်းနှင့် မိတ်ဆက်ပွဲပြုလုပ်ခဲ့သည့် လီဆန်ဒရိုမာတီနက်ဇ်က “ပွဲတိုင်း၊ လေ့ကျင့်ရေးအစီအစဉ်တိုင်းမှာ ကျွန်တော် (၁၀၀%)ပေးအပ်သွားမှာပါ။ တစ်သင်းလုံး ဒီလိုလုပ်ဆောင်သွားမှာလည်း သေချာပါတယ်။ ကျွန်တော် အသင်းနဲ့ အခုပဲလေ့ကျင့်ချင်နေပါပြီ။ အသင်းကို မြင့်မားတဲ့အဆင့်ကို တွန်းတင်ပေးဖို့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန်ကြိုးစားဖို့တော့ လိုပါတယ်”ဟု ပြောကြားခဲ့သည်။
လီဆန်ဒရိုမာတီနက်ဇ်သည် မန်ယူအသင်းတွင် ကျောနံပါတ် (၆) ဂျာစီကို ဝတ်ဆင်ကစားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
လီဆန်ဒရိုမာတီနက်ဇ် ရောက်ရှိလာခြင်းကြောင့် ပုံမှန်ခြေစွမ်းရရှိရန် ရုန်းကန်နေရသည့် အသင်းခေါင်းဆောင် မက်ဂွိုင်းရားမှာ ပွဲထွက်ခွင့်အတွက် စိုးရိမ်ရဖွယ်ရှိနေကြောင်း Daily Mail က သုံးသပ်ရေးသားခဲ့သည်။