စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းသည် ဂျူဗင်တပ်စ်တိုက်စစ်ကစားသမား ဒီဘားလားအား ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန် စောင့်ကြည့်နေကြောင်း အီတလီသတင်းစာ Tuttosport က ဖော်ပြခဲ့သည်။
အသက် ၂၈ နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်ကစားသမား ဒီဘားလားသည် ဇွန် ၃၀ တွင် ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ယခုနွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာမည်ဟု ကြေညာထားသူဖြစ်သည်။
လက်ရှိတွင် ဒီဘားလားအား ခေါ်ယူရန် အင်တာမီလန်အသင်းက ရေပန်းအစားဆုံးဖြစ်နေပြီး ကစားသမားအေးဂျင့်နှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ သို့သော် အင်တာမီလန်အသင်းသည် ဒီဘားလား တောင်းဆိုသည့်လစာကို ပေးလိုခြင်းမရှိသလို အေးဂျင့်အား ကော်မရှင်ခ ပေးချေလိုခြင်းမရှိကြောင်းလည်း Tuttosportက ဖော်ပြခဲ့သည်။
သို့သော် အင်တာမီလန်အသင်းသည် ဒီဘားလားအား ခေါ်ယူရန် ထပ်မံဆွေးနွေးနေဆဲဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းက အခြေအနေကိုစောင့်ကြည့်နေကာ ဒီဘားလားအား ခေါ်ယူရန် အသင့်ရှိနေကြောင်းလည်း Tuttosport က ဖော်ပြခဲ့သည်။
ရီးယဲလ်မက် ဒရစ်အသင်းသည် ယခုနွေရာသီအပြောင်း အရွှေ့ကာလတွင် အသင်းကွင်းလယ်တိုက်စစ်ကစားသမား အဆန်စီယိုအား လက်လွှတ်ရဖွယ်ရှိနေရာ ၎င်းနေရာတွင် ဒီဘားလားကို အစားထိုးခေါ်ယူရန် ဆန္ဒရှိနေခြင်းဖြစ်သည်။ ဒီဘားလားသည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီ က ဂျူဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၉ ပွဲတွင် ၁၅ ဂိုး သွင်းယူပေးခဲ့သည်။