spot_img

ပြီးခဲ့သည့်နှစ်အတွင်း ဘာစီလိုနာမှ မက်ဆီ ထွက်ခွာခွင့်ပေးရန် ဘာတိုမူထံ တောင်းဆိုထားသော စာရွက်စာတန်း ထွက်ပေါ်လာ

ပြီးခဲ့သည့်နှစ်အတွင်း ဥက္ကဋ္ဌဟောင်း ဘာတိုမူထံ ဘာစီလိုနာအသင်းမှ ထွက်ခွာခွင့်ပေးရန် မက်ဆီ တောင်းဆိုခဲ့သော စာရွက်စာတန်း ထွက်ပေါ်လာပြီး ယင်းစာရွက်စာတန်းအား စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့ကြောင်း သိရသည်။

၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်တွင် မက်ဆီသည် ဘာတိုမူထံလိပ်မူ၍ ဘာစီလိုနာအသင်းမှ ထွက်ခွာခွင့်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

myan789

ယင်းအချိန်က မက်ဆီ ထွက်ခွာမည့်သတင်းသည် ဘာစီလိုနာပရိသတ်များအကြား သက်ရောက်မှုကြီးမားခဲ့သည်။

ဘာစီလိုနာအသင်းပရိသတ်များသည် မက်ဆီ အသင်းမှ မထွက်ခွာရန် နူးကမ့်ကွင်းအပြင်ဘက်၌ စုရုံး၍ တောင်းဆိုမှုများပြုလုပ်ခဲ့သဖြင့် နောက်ဆုံးတွင် မက်ဆီသည် သူ၏ ဆုံးဖြတ်ချက်ကိုပြင်ဆင်ပြီး ဘာစီလိုနာအသင်းတွင် ဆက်လက်ကစားခဲ့သည်။

သို့သော် တစ်နှစ်နီးပါးအကြာတွင် မက်ဆီသည် ဘာစီလိုနာအသင်းမှ ထွက်ခွာ၍ PSG အသင်းထံ ပြောင်းရွှေ့ခဲ့ပြီဖြစ်သည်။

Marca က ယင်းအချိန်ကသာ မက်ဆီကို ဘာတိုမူ လက်လွှတ်ခဲ့ပါက ပြောင်းရွှေ့ကြေး ရရှိနိုင်ဖွယ်ရှိကြောင်း၊ ယခုအခါ ပြောင်းရွှေ့ကြေးမရသည့်အပြင် အသင်း၏ပုံရိပ် ကျဆင်းမှုကိုလည်း ဆွဲမတင်နိုင်သေးကြောင်း ဝေဖန်ခဲ့သည်။

မက်ဆီ၏ ဘာတိုမူထံပေးပို့သည့် ဘာစီလိုနာအသင်းမှ ထွက်ခွာခွင့်စာရွက်စာတန်းတွင် ”ခင်မင်ရပါတဲ့ ဘာတိုမူရေ၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ (၂၅)ရက်မှာ ချုပ်ဆိုခဲ့တဲ့စာချုပ်အရ ကျွန်တော်တို့ ၂၀၂၀ ခုနှစ်၊ သြဂုတ်လမှာ လမ်းခွဲခွင့်ရှိနေပါတယ်။ ဒါပေမဲ့ ကပ်ဘေးကြောင့် အဆင်မပြေမှုတွေရှိခဲ့တဲ့အချိန်မျိုးမှာ ကျွန်တော်က စောင့်ဆိုင်းပေးခဲ့ပါတယ်။ ကျွန်တော်တို့အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့်လည်း ကျွန်တော့်ရဲ့ စာချုပ်အပေါ်တွေးခေါ်မှုဟာ သက်ရောက်မှုရှိနေပါတယ်။ ကျွန်တော့်အနေနဲ့ ဘာစီလိုနာနဲ့စာချုပ်ကို ရပ်တန့်လိုက်ဖို့ အလိုရှိနေပါတယ်” စသည့် အချက်အလက်များပါဝင်ကြောင်း သိရသည်။

ဘာတိုမူလက်ထက်တွင် ဘာစီလိုနာအသင်းသည် ဘဏ္ဍာရေးအကျပ်အတည်းများရင်ဆိုင်ခဲ့ရပြီး ကစားသမားခေါ်ယူမှု အပိုင်းတွင်လည်း ငွေကုန်ကြေးကျများကာ အလုပ်မဖြစ်ခဲ့သောဖြစ်ရပ်များရှိခဲ့သည်။

လက်ရှိဥက္ကဋ္ဌ လာပေါ်တာက မက်ဆီကို အသင်းမှထွက်ခွာစေခြင်းသည် ဘာစီလိုနာအနာဂတ်အတွက် ကောင်းမွန်သည့်လုပ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular