spot_img

ပြီးခဲ့တဲ့ ဘောလုံးရာသီမှ သူ့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်လို့ ဝန်ခံမှုတွေ ပြုလုပ်လိုက်တဲ့ ယူနိုက်တက် ကြယ်ပွင့် ဒန်နီယယ် ဂျိမ်းစ်

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ဒန်နီယယ် ဂျိမ်းစ်ကတော့ ခက်ခဲတဲ့ ဘောလုံးရာသီ တစ်ခုကို ပိုင်ဆိုင်ခဲ့တဲ့နောက် သူ ရောက်နိုင်စွမ်း ရှိတဲ့ အတိုင်းအတာ တစ်ခုကို မတက်ရောက် နိုင်သေးကြောင်း ရိုးသားစွာပဲ ဝန်ခံစကား ပြောကြားသွားခဲ့လိုက်ပါတယ် ။

ဝေးလ် လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဒန်နီယယ် ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ပြိုင်ပွဲစုံ 26 ကြိမ် အထိသာ ကစားပေးခွင့် ပိုင်ဆိုင်နိုင်ခဲ့ ပါတယ် ။ ဒါဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီနဲ့ ယှဥ်လိုက်ရင်တော့ ပွဲ 20 ခန့် လျော့နည်းနေသေးတာကို မြင်တွေ့ရပါ လိမ့်မယ် ။

myan789

အခုတော့ ဒန်နီယယ် ဂျိမ်းစ်က ယခင် ကစားသမားတွေနဲ့ ယှဥ်ကြည့်လိုက်မယ်ဆိုရင် သူက ထိုက်သင့်သလောက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကောင်း မပြသနိုင်ခဲ့ဘူးလို့ ဝန်ခံလိုက်ပြီး နောက်ရာသီမှာတော့ အသင်းပေါ် လွှမ်းမိုးနိုင်စွမ်း ရှိတဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်အောင် အစွမ်းရှိသမျှ ကြိုးစားမယ်လို့ ကတိပေးသွားခဲ့လိုက်ပါတယ် ။

” ကျွန်တော်ဟာ ပွဲစဥ် တစ်ပွဲတိုင်းမှာ တိုးတက်လာခဲ့ပါပြီ ။ ကျွန်တော်ဟာ ပွဲစဥ်တိုင်းမှာ လေ့လာသင်ယူမှုတွေ လုပ်ဆောင်နေပါတယ် ။ ကျွန်တော်ဟာ လုံးဝ မကစားရတဲ့ ပွဲစဥ်ပဲ ဖြစ်ဖြစ် ၊ ကစားခွင့်တွေ ရရှိနေတဲ့ ဘောလုံး ရာသီ မှာပဲ ဖြစ်ဖြစ် လေ့လာသင်ယူမှုတွေကို အမြဲတမ်း လုပ်ဆောင်နေခဲ့ပါတယ် ”

” ကျွန်တော့်အတွက် ပြောရမယ်ဆိုရင်တော့ ကျွန်တော်ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီအတွင်း အကောင်းဆုံး ဆိုတာနဲ့ နီးစပ်တဲ့ စွမ်းဆောင်ရည်တောင်မှ မပြသနိုင်ခဲ့ပါဘူး ။ ကျွန်တော် ဆက်လက် တိုးတက် ကောင်းမွန်ချင်နေပါသေးတယ် ” လို့ ဂျိမ်းစ် က ဝန်ခံ စကား ပြောကြားသွားခဲ့လိုက် ပါတယ် ။

ဒန်နီယယ် ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ပွဲကစားခွင့် မိနစ်တွေ အကန့်သတ် ခံခဲ့ရပေမယ့် ပြိုင်ပွဲစုံ 5 ဂိုးထိ သွင်းယူ ထားနိုင်ခဲ့ပါသေးတယ် ။ ဒန်နီယယ် ဂျိမ်းစ် ကတော့ ပွဲကစားခွင့်မိနစ်တွေကို ကန့်သတ်ခံရခြင်းက သူ့ရဲ့ ခြေစွမ်း တည်ငြိမ်မှုတွေအပေါ် သက်ရောက်မှု ဖြစ်စေခဲ့တယ်လို့ ဆက်လက် ပြောခဲ့လိုက်ပါတယ် ။

” ခရစ္စမတ်ရဲ့ ခက်ခဲတဲ့ အချိန်ကာလ အတွင်း အသင်း အတွက် ပြန်လည် ကစားခွင့် ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားခဲ့ရခြင်းက ပြီးခဲ့တဲ့ ရာသီရဲ့ အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်ခဲ့ရ ပါတယ် ။ ကျွန်တော် လိုချင်သလောက် ပွဲကစားချိန် မိနစ်တွေကို မပိုင်ဆိုင်ခဲ့ရပါဘူး ။ ဒါ့ကြောင့် အသင်းအတွက် တည်ငြိမ်တဲ့ ခြေစွမ်း ပြသနိုင်ဖို့ အခက်တွေ့ခဲ့ရ ပါတယ် ”

” ပရိသတ်တွေ မရှိကြတာက ခြားနားလှပါတယ် ။ တစ်ကယ့်ကို ခြားနားလွန်းပါတယ် ။ ပရိသတ်တွေဟာ အိမ်မှာနေပြီး ဖန်သားပြင် ပေါ်ကနေတစ်ဆင့် ကျွန်တော်တို့တွေကို အားပေးထောက်ခံနေကြတယ်ဆိုတာတော့ ကျွန်တော်တို့လည်း သိရှိကြပါတယ် ။ ဒါပေမယ့် ကွင်းထဲမှာ ရှိမနေကြတဲ့ ခံစားချက်ကတော့ မတူညီလှပါဘူး ”

” ကျွန်တော်တို့ ဘောလုံး ဆွဲပြေးနေကြတဲ့ အချိန်မျိုးမှာ ဟစ်ကြွေး အားပေးကြတဲ့ အသံတွေကို လိုချင်မိပါတယ် ။ အဲ့တာကို ပြန်ရရင် အရမ်းကို ခမ်းနားနေမှာပါပဲ ။ ကျွန်တော့်တို့ ဒါကို လွမ်းဆွတ်နေသလို သူတို့တွေလည်း လွမ်းနေကြမယ်လို့ ယုံကြည်ပါတယ် ။ အရာရာတိုင်း လုံခြုံတဲ့ အချိန် သူတို့ကို အမြန်ဆုံး ပြန်လည် ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်မိတယ်ဗျာ ” လို့ ဂျိမ်းစ် က ပြောခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular