နယူးကာဆယ်အသင်းနည်းပြ စတိဗ်ဘရုစ်သည် ပြိုင်ဘက်အသင်း နည်းပြတစ်ဦးဖြစ်သူ ဆိုးလ်ရှားနှင့် ပြုံးရယ်ကာ စကားပြောဆိုခြင်းအ တွက် နယူးကာဆယ်ပရိသတ်များ၏ ဝေဖန်မှုကို ခံနေရပြီး ယင်းအကြောင်း အရာနှင့် ပတ်သက်၍ ပွဲကြိုမီဒီယာ တွေ့ဆုံမှုတွင် သတင်းထောက်တစ် ဦးနှင့် ကတောက်ကဆဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ပြီးခဲ့သည့်တစ်ပတ်က ကစားခဲ့ သော မန်ယူ(၃-၁)နယူးကာဆယ်ပွဲ အပြီးတွင် နယူးကာဆယ်အသင်း နည်းပြစတိဗ်ဘရုစ်နှင့် မန်ယူအသင်း နည်းပြဆိုးလ်ရှားတို့သည် ကွင်းပြင် ထွက်ခွာလာရာ၌ အတူစကားပြောပြီး ရယ်မောထွက်ခွာလာကြသည်။ ရှုံးနိမ့် ခဲ့သောပွဲတစ်ပွဲအပြီး ပြိုင်ဘက်နည်းပြ နှင့် ယင်းကဲ့သို့ ရယ်မောပြုံးပျော်နေ ခြင်းကို နယူးကာဆယ်ပရိသတ်အချို့ က မကျေနပ်သဖြင့် လူမှုကွန်ရက်စာ မျက်နှာများတွင် ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။
ပြီးခဲ့သည့် စနေနေ့က ကစားခဲ့ သော နယူးကာဆယ်(၁-၁)ဝုလ်ဗ်ပွဲ အတွက်ပြုလုပ်ခဲ့သည့် ပွဲကြိုမီဒီယာ တွေ့ဆုံမှုတွင် သတင်းထောက်တစ် ဦးက ”ဆိုးလ်ရှားနဲ့တွေ့တော့ ခင်ဗျား ရယ်မောခဲ့တာကို ပရိသတ်တွေ မ ကျေမနပ်ဖြစ်နေကြတာ သိသလား” ဟုမေးမြန်းခဲ့ရာ စတိဗ်ဘရုစ်က ”ပရိ သတ်တွေမကျေနပ်တာလား၊ ခင်ဗျား မကျေနပ်တာလား။ ဆိုးလ်ရှားနဲ့ကျွန် တော်ခင်မင်ခဲ့တာနှစ်ပေါင်း(၂၀)ရှိပြီ။ ကျွန်တော်တို့အသင်း ကစားပုံကောင်း တယ်လို့ သူပြောတော့ ပြုံးလိုက်မိတာ ဖြစ်မယ်။ ဆိုးလ်ရှားနဲ့ ကျွန်တော်ပြုံးမိ တဲ့ အခိုက်အတန့်က မကောင်းတဲ့အ ရာလို့သတ်မှတ်မယ်ဆိုလည်း ကံဆိုး တာပဲ”ဟု ပြောကြားခဲ့သည်။