မိုနာကို – မက်ဇ် (မြန်မာစံတော်ချိန် ဧပြီလ ၃ ရက် ညနေ ၅:၃၀ နာရီ)
မိုနာကိုက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပွဲတိုင်းကို ဖိဖိစီးစီးကစားနေတယ်။ မက်ဇ်က အထက်မရောက် အောက်မရောက် အသင်းဖြစ်ပြီး မိုနာကို အနိုင်သေချာပါတယ်။
PSG – လိုင်လီ (မြန်မာစံတော်ချိန် ဧပြီလ ၃ ရက် ည ၉:၃၀ နာရီ)
လိုင်လီက နောက်ပိုင်းပွဲတွေမှာ ခြေကျလာသလိုရှိပြီး၊ နောက်ဆုံး (၄)ပွဲမှာလည်း (၁)ပွဲသာအနိုင်ရခဲ့တယ်။ အထူးသဖြင့် လူငယ်တိုက်စစ်မှူး ဒေးဗီးစ် ဂိုးပေါက်ပျောက်ဆုံးရင် ရုန်းကန်လာရတာဖြစ်ပြီး နောက်ဆုံးအနိုင်ရခဲ့တဲ့ မာဆေးလ်နဲ့ပွဲမှာ ဆိုရင်လည်း ဒေးဗီးစ်က (၂)ဂိုးစလုံးကို သွင်းယူပေးခဲ့တာ ဖြစ်တယ်။ ပိုချက်တီနိုရဲ့ PSG ကလည်း လူအင်အားတောင့် တင်းပေမဲ့ အကောင်းဆုံးပုံစံတော့ မရသေးပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ပြင်သစ်ဖလားပြိုင်ပွဲမှာတော့ လိုင်လီကို ဂိုးပြတ်အနိုင်ယူခဲ့တာ တွေ့ရတယ်။ အဲဒီပွဲတုန်းက ဘာပေရဲ့ရုန်းအားက လိုင်လီကို အခက်တွေ့စေခဲ့တာဖြစ်ပြီး ဒီပွဲမှာလည်း ဘာပေကို လိုင်လီနောက်ခံလူတွေ သတိကောင်းကောင်းထားရလိမ့်မယ်။ နိုင်တဲ့အသင်းက အမှတ်ပေးဇယားထိပ်ဆုံးမှာ (၃)မှတ်ဖြတ်ဦး ဆောင်နိုင်မှာဖြစ်ပြီး PSG ပဲ အနိုင်ရသွားပါလိမ့်မယ်။
လန်းစ် – လိုင်ယွန် (မြန်မာစံတော်ချိန် ဧပြီလ ၄ ရက် နံနက် ၁:၃၀ နာရီ)
လိုင်ယွန်က PSG နဲ့ပွဲက အရှုံးကို ရုန်းထွက်ဖို့ကြိုးစားမှာဖြစ်ပြီး အင်ပြည့်အားပြည့်နဲ့ ပွဲထွက်လာပါလိမ့်မယ်။ လန်းစ်က တော့ ယူရိုပါလိဂ်ဝင်ခွင့်အတွက် ဆက်လက်တိုက်ပွဲဝင်ရမှာဖြစ်ပြီး အိမ်ကွင်းရလဒ်လည်း ကောင်းပါတယ်။ အပြန်အလှန်သွင်းဂိုးတွေ တွေ့မြင်ရနိုင်ပြီး လိုင်ယွန် အနည်းဆုံးသရေရမယ်။